news

စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် မုံရွာ လေဆိပ်မှ ထွက်ခွာကြသည်။

အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရ နှင့် တာဝန်ရှိသူများက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ် ရက် ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ် ပျံသန်းမှုဆိုင်ရာ ပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍  အခြေခံလေကြောင်း လူငယ် သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ (၂၇)ရက်မှစတင်၍ မြိတ်မြို့ရှိ မြိတ်သင်တန်း စခန်း၌ လေကျင့်သင်ကြားပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၄၆ ဦးတို့သည် ဉပဒေ‌ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် မျိုးဆက်သစ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရမည်

နေပြည်တော်၊ မေ- ၁၅

မြစ်ကြီးနားမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေ ၁၄

ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့်

နေပြည်တော်၊ ၂၀၂၆ မေ ၁၄     

                ရှမ်းပြည်နယ်(အရှေ့အလယ်ပိုင်း)အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား   ယနေနံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (ငြိမ်း)၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ များနှင့် လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူများက လွိုင်လင်တပ်နယ်ခန်းမ၌ သွားရောက် တွေ့ဆုံသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

နေပြည်တော်၊ ၂၀၂၆ မေ ၁၄                                                    

မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌  အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦးအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မေ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လို

နေပြည်တော်၊ မေ - ၁၄