၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်မှုထမ်းဆဲနှင့်စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်
နေပြည်တော် စက်တင်ဘာ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်မှုထမ်း ဆဲနှင့် စစ်မှုထမ်းဟောင်းမိသား စု ဝင်သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ကျင်းပပြုလုပ်ရာ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၆)ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် ၂၀ ဦး တို့အား ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)
