တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိ နေပြည်တော် စက်တင်ဘာ ၂၄

Friday, September 25, 2026 - 12:00

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၂၄

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ စစ်ရေယာဉ် များဖြစ်သည့် ဖျက်သင်္ဘော Tang Shan၊ ဖရီးဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိလာရာ တပ်မ တော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး နှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Xu Fang ဦးစီး၍ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(ရေ) 48th PLA Navy Escort Task Group မှ အရာရှိ၊ စစ်သည်များ လိုက်ပါလာပြီး ခရီးစဉ်အတွး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။