မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် နေပြည်တော် စက်တင်ဘာ ၂၄ 

Friday, September 25, 2026 - 18:00

 

မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၄ 

တပ်မတော်အနေဖြင့်   တိုင်းရင်းသားပြည်သူများ၏  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်    နိုင်ငံတော်အစိုးရနှင့်အတူ   တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက်သွားရောက်၍   လူမျိုး၊ ဘာသာမရွေးဆေးကုသပေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အဘယာရာမပရိယတ္တိစာသင်တိုက်တွင် သံဃာတော် ၃၅ ပါးတို့ကို   ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊အထွေထွေရောဂါတို့နှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခြင်း၊ ECGစက်ဖြင့်နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ဓာတ်မှန်ရိုက်ကူး ၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောသံဃာတော်များအား    နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး   စီစဉ်ဆောင်ရွက်ပေးသည်။ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုအားပေးပြီး   အဆိုပါကျောင်းတိုက်ရှိ  သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း  သတင်းရရှိသည်။(၁၀၀)