တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် အလုပ်သဘောခရီး ရောက်ရှိနေ သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နေလည် ၁၂ နာရီတွင် ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ H.E. Mr. Han Zheng နှင့် တွေ့ဆုံဆွေး နွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။




















