ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော သည် ယနေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အက်ရှ်ဂါဘတ် အပြည်ပြည်ဆိုင် ရာ လေဆိပ် သို့ ရောက်ရှိကြ ရာ တာ့ခ်မင်နစ္စတန်နိုင်ငံမှ တာဝန်ရှိသူများက ကြိုဆို နှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် သည် အက်ရှဂါဘတ်မြို့ရှိ Monument of Neutrality ၌ ကျင်းပသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ်(၃၀) ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာ မှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ နှင့်နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စား လှယ်ခေါင်းဆောင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် အတူ ဂုဏ်ပြု ပါဝင်တက်ရောက်သည်။
အခမ်းအနားတွင် တာ့ခ်မင်နစ္စတန်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလံတင် အခမ်းအနားကို ဆောင်ရွက်ကြကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက် ရောက်လာ ကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြု ကြပြီး အခမ်းအနားအစီအစဉ် များအလိုက် ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာ့ခ်မင်နစ္စတန် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၌ ကျင်းပသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒနှစ်(၃၀)ပြည့်အထိမ်းအမှတ်ပြပွဲ သို့တက်ရောက်၍ တာ့ခ်မင်နစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြခန်းများ၊ ရိုးရာ လက်မှုပညာ ပစ္စည်းများ၊ ဒစ်ဂျစ်တယ်စနစ်နှင့်Ai နည်းပညာသုံး ပြခန်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းပြခန်းများ နှင့် အက်ရှ်ဂါဘတ် မြင်းမျိုးများ၊ ဒေသရှိ သိုး၊ ဆိတ် ၊နွားမျိုးစိတ်များ ထားရှိရာ နေရာနှင့် တာ့ခ်မင်နစ္စတန် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ ကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော သည် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ H.E. Mr. Serdar Berdimuhamedov နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမို တိုးမြှင့်ဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကဏ္ဍပေါင်းစုံ တို၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင် ရေးကိစ္စရပ်များ၊ နိုင်ငံတကာ မျက်နှာစာတွင် အပြု သဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသတင်း ရရှိသည်။

