တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့် အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဖျာပုံမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဖျာပုံမြို့နယ်ရှိ ရွှေစင်လမင်းဆီဆိုင်ဝန်း အတွင်း၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၉၄ ဦး၊ ခွဲစိတ်ရောဂါ ၁၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၀ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၈၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၈၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၁ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၃၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၁၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၉ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
၁။ ကျွန်မကဆရာမဒေါ်စန်းပါ၊ အထက-၁ ဖျာပုံကနေအငြိမ်းစားယူထားတဲ့ဆရာမပါ။ ကျွန်မအရိုးအကြောလာပြတာပါ၊ အရိုးအကြောကတော့ ဖြစ်တာ ပင်စင်ယူပြီးကတည်းက ၁၀ နှစ်လောက်ရှိပြီ အဲလိုပဲပြပြနေရတာ။ သင်္ဘောကြီးလာတယ်ဆိုတော့ ဝမ်းသာအားရနဲ့ ပိုပြီးတော့သဘောကျပြီးတော့ လာပြတာပါ။ ဒီလက်က ဆေးထိုးမယ်ပြောတော့ ကြောက်ပြီး တော့မထိုးတာ အပြင်ဆေးခန်းတွေမှာပြတာ၊ အခုဆရာကြီးက ဆေးလည်းထိုးပေးလိုက် တယ်။ အခုဒီကိုရောက်တယ်ကြားတော့ အရမ်းဝမ်းသာတာ၊ ဝမ်းသာပီတိလည်းဖြစ်မိပါ တယ်။ အဲဒီတော့နောက်တစ်ခေါက်လာတဲ့အခါကျရင်လည်း ကြိုဆိုပါတယ်။ ကျန်တဲ့သူတွေ ကိုလည်း ကျွန်မလက်ဆင့်ကမ်းပြီးတော့ ပြောပြပါဦးမယ်။ အားလုံးကိုလည်းကျေးဇူးတင်ပါ တယ်။ တာဝန်ရှိတဲ့ လူကြီးမင်းများအားလုံးနဲ့ နိုင်ငံတော်အစိုးရရောပေါ့၊ အကုန်လုံးဒီတာဝန် တွေဒီတာဝန်တွေပေးထားတဲ့အခါကျတော့ အကုန်လုံးကိုကျေးဇူးတင်ပါတယ်။ ကြွရောက် လာတဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့အားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ကျေးဇူးတင်ပါ တယ်။ ဒီမှာဝိုင်းဝန်ပြီးတော့ ကူညီလုပ်ဆောင်ပေးတဲ့ နယ်ခံပြည်သူလူထုနဲ့ ဝန်ထမ်းအားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။
၂။ ကျွန်မက ဒေါ်ရီပါ၊ အသက် ၆၆ နှစ်ရှိပါပြီ ဒီအဖွဲ့ကိုလည်းမျှော်နေတာလည်းကြာပါပြီ၊ တပ်မတော်နယ်လှည့်ဆေးကုရေးအဖွဲ့လာတိုင်း ကျွန်မလာပြပါတယ်။ ဒီတစ်ခေါက်ကတော့ ထူးထူးခြားခြား ကျွန်မကျောက်ကပ်ထဲမှာ ကျောက်တည်တယ်ဆိုလို့လာပြတာ တော်တော် လေးအဆင်ပြေသွားပါတယ်။ ဆရာကြီးတွေ ၊ ဆရာမကြီးတွေကလည်း အကုန်လုံးကို နွေးနွေးထွေထွေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ တစ်လ သောက်ရမယ့်ဆေး၊ နှစ်လ သောက်ရမယ့်ဆေး ဒီဆေးလေးနဲ့အဆင်ပြေသွားလို့ရှိရင် နောက်ထပ်မခွဲရတော့ဘူးဆိုတော့ ကျွန်မတော်တော်လေးလည်းဝမ်းသာပါတယ်။ ဆေးကုရေးအဖွဲ့မှာပါတဲ့ ဝန်ထမ်းတွေအား လုံးကျန်းမာချမ်းသာကြပါစေ။ အန္တရာယ်ကင်းဘေးရှင်းပြီးတော့ လိုရာဆန္ဒတွေရောက်ကြပါ စေ။ ဖျာပုံမြို့သူ/မြို့သားတွေကလည်း အကုန်လုံး လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာနဲ့ ကြိုဆို နေပါတယ်။


