နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတက်ရောက်မိန့်ခွန်းပြောကြား

Friday, December 12, 2025 - 03:15

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

          တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်း မည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက် ရောက်မိန့်ခွန်း ပြောကြား သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ခေတ္တကျောင်းအုပ်ကြီးနှင့်  မှော်ဘီတပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေး ပြုသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ အကောင်းဆုံးဗိုလ်လောင်း ဆုရရှိသူ ဗိုလ်လောင်း ဆွေဇင်ဖြိုးဝေ  အား  အကောင်းဆုံး ဗိုလ်လောင်းဆုပေးအပ် ချီး မြှင့်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ထမ်းရွက်စေနိုင်ရန်အတွက် အမျိုးသမီးစစ်မှု ထမ်း(အရာရှိ)များ အား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမှတ်စဉ်(၁၂)အထိ လေ့ကျင့် သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

          မြန်မာအမျိုးသမီးများသည် နယ်ချဲ့ဗြိတိသျှ အုပ်စိုးစဉ်ကာလကတည်းက အမျိုး သားများနည်းတူ ဇာတိသွေး၊ ဇာတိမာန်ထက်သန်သူများဖြစ်ခဲ့ကြကြောင်း၊ လွတ်လပ် ရေးကြိုးပမ်းမှုကာလအတွင်း၌လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် လွတ်လပ်ရေးရရှိ ရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်ခဲ့ကြသည့် သမိုင်းမှတ်တမ်း ကောင်းများ အထင်အရှားရှိခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများသည် ရှေးယခင်ကတည်း က လက်ရုံးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းသည့် စစ်ဝန် ထမ်းတပ်ဖွဲ့များတွင် မိမိဆန္ဒအလျောက်ဝင်ရောက်ပြီး နိုင်ငံတော်အတွက် အုတ်တစ် ချပ်၊သဲတစ်ပွင့်အဖြစ် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ကြ သည်ကို ဂုဏ်ယူစွာတွေ့မြင်ရမည်ပင်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင်လည်း မြန်မာ အမျိုးသမီးများသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များ အထိပါအမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် စွမ်းစွမ်း တမံ ပါဝင်ဆောင်ရွက် ခဲ့ကြသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း။

          တပ်မတော်အနေဖြင့်လည်းအမျိုးသမီးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များတွင် အမျိုးသားစစ်သည်များနှင့် တန်းတူပါဝင် ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် မွေးထုတ်ပေးလျက်ရှိခြင်းကြောင့် ယခုအခါ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံး တပ်ဖွဲ့များတွင် အမျိုးသမီးအရာရှိ ၉၀၀ ကျော် တာဝန်ထမ်းဆောင်နေကြပြီး အချို့ အမျိုးသမီးတပ်ဖွဲ့ဝင်များသည်ကြမ်းတမ်းခက်ခဲသည့်အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တာဝန်၊ စစ်ရေယာဉ်များပေါ်တွင် လိုက်ပါပြီး ပိုင်နက်ရေပြင်ကာကွယ်ရေးတာဝန်၊ အမျိုးသမီး လေသူရဲပျံသန်းရေးတာဝန်၊ လေထီးစစ်သမီးတာဝန်များနှင့် နယ်လှည့် ဆေးကုသရေးတာဝန်များကို ရဲဝံ့ပြောင်မြောက်စွာ ထမ်းဆောင်နေကြသည့်အပြင် နိုင်ငံပေါင်းစုံပါဝင်သည့် ပူးပေါင်းလေ့ကျင့်ခန်းများနှင့် တပ်မတော်အဆင့် အားကစား ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များဆွတ်ခူးရရှိသည်အထိ စွမ်း‌ဆောင် နိုင်ခဲ့ကြသည် ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။

ထိုသို့စွမ်းဆောင်နိုင်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ခြင်း ဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် မြန်မာအမျိုးသမီးများ၏ ကိုယ်ရည်ကိုယ်သွေး မနိမ့်ကြောင်းပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်းအမျိုးသမီး အရာရှိများအနေဖြင့်လည်း ဆိုင်ရာတာဝန်များ ထမ်းဆောင်ရာတွင် နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် ဆက်လက် လေ့ကျင့်ကြိုးပမ်း အားထုတ်သွားကြရန်လိုသည်ကို မှာကြားလိုကြောင်း။

          တပ်မတော်တစ်ရပ်အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ် လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အရေးအကြီးဆုံးလုပ်ငန်းတာဝန် လည်းဖြစ် ကြောင်း၊  သင်တန်းကျောင်းက လေ့ကျင့်သင်ကြားပေးလိုက်သည့် အတတ်ပညာများ ကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် မူဝါဒအတိုင်း ပြောင်းလဲ တိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာပြီး ပိုမိုကျွမ်းကျင်လာအောင် အမြဲ လေ့ကျင့်နေရမည့်အပြင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း အမြဲ လိုက်နာ ကျင့်သုံးနေကြရမည်ဖြစ်ကြောင်း၊ ထိုသို့ လေ့ကျင့်သားပြည့်ဝစွာ ဆောင်ရွက် နိုင်စေရေး တစ်ဦးချင်းအနေဖြင့်ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်သည့်အတွက် ကျန်းမာရေး နှင့် ညီညွတ်သည့်နေထိုင်စားသောက်မှုရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန် ထမ်းဆောင်မည့်နေရာအသီးသီးရောက်သည့်အခါ လေ့ကျင့်သားပြည့်ဝနေရန် အတွက် “ကျန်းမာအောင်နေ၊ သန်စွမ်းအောင်လေ့ကျင့်” ဆိုသည့်အတိုင်း ကိုယ်စီလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

          စည်းကမ်းမကောင်းပါက မည်သည့်အဖွဲ့အစည်းမှ ရေရှည်တည်တံ့နိုင်စွမ်း မရှိဘူးဆိုသည်ကိုအတိတ်သမိုင်းများကိုပြန်ကြည့်မည်ဆိုပါက သိရှိနိုင်ကြောင်း၊ မြန်မာ့ သမိုင်းတွင်လည်း စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရသည့် သမိုင်းသာဓကများ ရှိခဲ့ကြောင်း၊ မိမိတို့တပ်မတော်သားများသည် စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံ တတ်မှုများကို ခါးဝတ်ပုဆိုးပမာ မြဲမြံခိုင်ခံ့နေရမည်ဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ နှင့်အညီ နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းဆင်းအမျိုး သမီးအရာရှိများအနေဖြင့်လည်း အမိန့်နာခံမှုနှင့်စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် လိုအပ်သည့်အတွက် ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး အနည်းငယ် မှာကြားလိုကြောင်း၊

တပ်မတော်တွင် ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်အတိုင်း အမှန်တကယ်လိုက်နာ ကျင့်သုံးမည်ဆိုပါက အထက်အောက် ယုံကြည်အားထားရ သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ကိုရောက် သည့်အခါ သင်တန်းကျောင်းတွင် သင်ယူခဲ့ရသည့် ခေါင်းဆောင်မှု ပညာရပ်များကို လက်တွေ့အခြေအနေနှင့်ယှဉ်ပြီး လက်အောက်ငယ်သားများအပေါ်တွင် မိဘကောင်း သဖွယ်စိတ်ဓာတ်ဖြင့် တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်မျိုး မွေးမြူပြီး ကျောသား ရင်သားမခွဲခြားဘဲ ကွပ်ကဲ ကြီးကြပ်သွားကြရန်လိုအပ်ကြောင်း။

ထို့အပြင် အထက်က ယုံကြည်စိတ်ချမှုနှင့် လက်အောက်ငယ်သားများ၏ ရိုသေ လေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာပူးပေါင်းဆောင်ရွက်မှုများကို ရယူနိုင်အောင် ကြိုးပမ်းကြရန်လိုသကဲ့သို့ ကိုယ်တိုင်ကလည်း ရှေ့ဆောင်လမ်းပြနေရန်လိုအပ် ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်များကို တိတိကျကျလိုက်နာကျင့်ကြံပြီး ထူးချွန် ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် သွားကြရန် အလေးထားမှာကြားလိုကြောင်း။

          လက်ရှိကာလ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်း၌ နေထိုင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ထားရန် လိုအပ်သည်ကို တွေ့ရှိရမည်ပင်ဖြစ် ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံတော်အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောစကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ကို ပြောကြားလို ကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ခုမှာ “ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်” ဆိုသည့်အချက်ကို ဖော်ပြထားခြင်းကြောင့် ယင်းအချက်ကို လက်တွေ့ ဆောင်ရွက်ပေး ခြင်းအားဖြင့်ပြည်သူလူထုကို စည်းရုံးပြီးသားဖြစ်စေကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် “တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊ ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်” ဆိုသည့်အချက်ကို ကောင်းစွာနားလည်သဘောပေါက်ပြီးကျစ်လျစ် ခိုင်မာသည့် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို ဆက်လက်တည် ဆောက်ကြရမည် ဖြစ်သည်ကို တိုက်တွန်း ပြောကြားလိုကြောင်း။

          ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ်လိုအပ် သည့်ဥပဒေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့်စနစ် ဖြင့် မောင်းနှင်မည်၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကို မည်သို့မည်ပုံခွဲဝေပိုင်းခြားမည်ဆိုသည်ကို ပြဋ္ဌာန်းသတ်မှတ်ပေးရခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့အတွက် အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားရှိပြီးဖြစ်သကဲ့သို့ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကြား အာမခံချက် ပေးထားသည့် ဥပဒေလည်းဖြစ်ကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံ အတည်ပြုမှုဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သဖြင့် ပြည်သူ တစ်ရပ်လုံးက လေးစားလိုက်နာရမည်ဖြစ်သကဲ့သို့ ပြည်သူ ထဲကပေါက်ဖွား လာသည့် မိမိတို့တပ်မတော်သားများ အနေဖြင့်လည်း ကာကွယ်စောင့်ရှောက်သွားရန် အဓိကတာဝန်ရှိသည်ကိုလည်း ပြောကြားလိုကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  အခန်း(၁)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)တွင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ် တစိုက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးဖြစ်သည့် တပ်မတော်အနေဖြင့် ဆောင်ရွက်နေသမျှအရာအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဥပဒေကို ကျော်လွန် ဆောင်ရွက်ခြင်းမျိုးမရှိသည်ကိုလည်း ကျောင်းဆင်းအမျိုးသမီးအရာရှိများ အနေဖြင့် နားလည်ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိ နိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏လူမှုအသိုက်အဝန်း၊ အဖွဲ့အစည်းများတွင် ကြုံတွေ့နေရသည့် ပြဿနာများကို လက်တွေ့ကျကျ ပြေလည်နိုင်စေရန် ကမ္ဘာ့နိုင်ငံများနည်းတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရများအတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်ကို ပြောကြားလိုကြောင်း။

          ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရ ပြီးနောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်ရေးဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက် လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိနေကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရေရှည်တည် တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း။

ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း (NCA)နှင့် ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့ခြင်းသည် (NCA)စာချုပ်သည် နိုင်ငံ အတွက်အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက် ဖြစ်နေရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့ သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ သို့သော်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO)အချို့သည် (NCA)ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ သိသိသာသာ ချိုးဖောက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ များကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းကြရန်အချိန်တန်ပြီဖြစ်ကြောင်း၊ထို့ကြောင့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်“ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုသည့် ထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန် ပေးခဲ့ကြောင်း၊ ဒါဟာတစ်နိုင်ငံတည်းသားချင်း ဆိုသည့်စိတ်ဖြင့် အပြုသဘော ဆောင်ပြီး စိတ်ရှည်သည်းခံစွာ အခွင့်အရေးပေးသည့် တပ်မတော်၏ သဘောထား ကြီးမှုကိုဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက် ကိုင်အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ် လိုက်လျောဖြေလျှော့ ပေးသွား မည်မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ကာလအတွင်း၌လည်း ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေး အသိ၊ စစ်ရေးသတိ ရှိနေကြရန်လိုသည်ကို တိုက်တွန်း မှာကြားလိုကြောင်း။

          ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေး ကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် မဲစာရင်းများ မှန်ကန် တိကျရေးသည်လည်း အလွန်အရေးကြီးကြောင်း၊ မဲစာရင်းများ မှန်ကန်မှုရှိစေရန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်း ကောက်ယူ ခဲ့ခြင်းကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်လူဦးရေကိန်းဂဏန်းများ ပြည့်စုံမှန်ကန်စေရေး ကိုလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုအောင် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင် ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်း ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။

 မိမိတို့အနေဖြင့် ယခင်ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲမဲမသမာမှု ဖြစ်စဉ် ဖြစ်ရပ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုမရှိစေ ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM)ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစက်များသည် မဲမသမာမှု ပြုလုပ်၍မရသည်ကို ပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲတွင်ပါဝင်ကြမည့် နိုင်ငံရေး ပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးစဉ်ကာလမှ မဲပေး သည့်ကာလအထိ လုံခြုံစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့အကာ အကွယ်ပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုကျင်းပ မည့် ရွေးကောက်ပွဲကြီးတွင် ဥပဒေနှင့်အညီ မဲပေးခွင့်ရှိသူ ကျောင်းဆင်းအမျိုးသမီး အရာရှိများအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ဆီ လျှောက်လှမ်းကြရန် ပြောကြားလိုကြောင်း။

မိမိတို့တပ်မတော်တွင် ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီးစစ်မှုထမ်းများစွာ ပေါ်ပေါက်ခဲ့ပြီး ရာထူးအမျိုးမျိုးဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ကြသကဲ့သို့ ပေးအပ်လာမည့်တာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကျေပွန်အောင် ကြိုးပမ်းထမ်း ဆောင်သွားကြရန်၊ စစ်စည်းကမ်းကို တိကျစွာလိုက်နာ ပြီး အမိန့်နာခံမှုအားကောင်းသည့် အထက်အောက် ယုံကြည်ကိုးစားရသူများ ဖြစ် အောင်ကြိုးပမ်းသွားကြရန်၊ ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကြိုးစားနေထိုင်ကြ ကာ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအပေါ် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြပြီး တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်သည့် အရာရှိများဖြစ်အောင် ကြိုးပမ်းကြရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အနှစ်သာရ၊ ပြည်တွင်းတည်ငြိမ်အေးချမ်း ခြင်း၏ တန်ဖိုးများကို ကိုယ်တိုင်နားလည်သိရှိပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ဆွေဇင်ဖြိုးဝေ၊ သေနတ်ပစ် အကောင်း ဆုံးဆုရ ဗိုလ်လောင်း သင်းကြူလှိုင်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း ယဉ်မင်းသန့် နှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း ခင်မြင့်မိုရ်ထွန်း တို့နှင့် ၎င်းတို့၏မိဘဆွေမျိုးများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန် လိုကြောင်း၊ လူတိုင်းတွင် ဘဝရည်မှန်းချက်၊ မျှော်မှန်းချက်များရှိကြပြီး အဆိုပါ ရည်မှန်းချက်၊ မျှော်မှန်းချက်များ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသမီးများ၏အခန်းကဏ္ဍနှင့် ပတ်သက်၍ လွတ် လပ်ရေးကြိုးပမ်းမှုမှစ၍ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများသည်လည်း အမျိုး သားများနှင့် တန်းတူ ပါဝင်အားဖြည့်လျက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊

ငယ်စဉ်ကလေးဘဝမှယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းသွန်သင် ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိကောင်းများဖြစ် အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ ထူးချွန်ဆုများရရှိပြီး သင်တန်းဆင်း ခဲ့ကြသူများဖြစ်သဖြင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက် ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် စဉ်ဆက်မပြတ် ဆက်လက် ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ မိမိတို့ဘဝတိုး တက်လမ်းကို အထောက်အပံ့ကောင်းများဖြစ်စေနိုင်မည့် စာပေ ပညာသင်ယူခြင်း၊ စာကောင်းပေမွန်များကို ဖတ်မှတ်လေ့လာခြင်း၊ အခြားသူများသို့ မျှဝေပေးခြင်းများကို လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးလမ်းတွင်လည်း မိမိကိုယ်ကို တန်ဖိုးထား၍ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ပြီး မိမိတို့တာဝန်ကျသည့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာကောင်းကျိုး ကို အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။