နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူသမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ Qingdao International Conference Center ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်း သောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
news
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဇူလိုင် ၂ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး တနိုင်းမြို့ အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ယခုအခါ မြစ်ရေပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်ရှိ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ယနေ့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ စာသင်တိုက်အတွင်းရှိ စေတီပုထိုးများ၊ ကျောင်းဆောင်များအတွင်း ကျန်ရှိနေသော နှုံးများ၊ သဲများနှင့် အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများတူးဖော်ပေးခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကြသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့် နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ် ပြက္ခဒိန်နှစ်တစ်နှစ် မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရသည်။ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီး ဖြစ်ကြောင်းသိရသည်။ ထိုသို့ထုတ်ပြန်ရာ တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစု တွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက်နေ့၊ နိုင်ငံတကာ နှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြား အာဆီယံနိုင်ငံများကဲ့သို့လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့လည်းကောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ နှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က ဇူလိုင် ၄ ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင် လိုက်ပါ၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ညနေပိုင်းတွင် မန္တလးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ရှိ အနီးစခန်းလေဆိပ်သို့ရောက်ရှိပြီး လေယာဉ်ကွင်းအဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်မှု အခြေအနေများအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများအပေါ် လိုအပ်ချက်များအား မှာကြား ဖြည့်ဆည်းပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဇွန် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို)က ကျင်းပသည့် (၁၄)ကြိမ် မြောက်သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖို ရမ်သို့တက်ရောက်ရန် ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Qingdao International Conference Center ရှိ Anren ခန်းမ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။