ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၀ ရက်တွင် ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည် တင်ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး၍ မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သား သစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်း အမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
news
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ် ၄၀ ကျော် အဓမ္မစုဆောင်းခံရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက အများပြည်သူ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနီးရှိ ကံပြားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁(A)လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားနေ ဦးရဲလင်းရွှေ (၄၇)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် YGN-22/7D-4547 Alphard အမျိုးအစားယာဉ်ဖြင့် အမျိုးသား ၇ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ၎င်းတို့အနက်မှ အမျိုးသား ၄ ဦးက ဓား၊ သေနတ်များကိုင်ဆောင်၍ နေအိမ်အတွင်း ဝင်ရောက်လာကာ ဦးရဲလင်းရွှေ၏သမီးဖြစ်သူ မထက်နေရည်မောင် (၄)နှစ်အား ရိုက်နှက်၍ နေအိမ်ရှိ စူပါကပ်ဆိုင်ကယ် ၁ စီးနှင့် ထီး ၁ လက်တို့ အား ဖျက်ဆီးပြီး ဦးရဲလင်းရွှေပိုင်ဆိုင်သည့် MDY-14/6J-9817 SUZUKI အမျိုးအစားခဲရောင်ယာဉ် ၁ စီး၊ IPhone 10 XR လက်ကိုင်ဖုန်း ၁ လုံးတို့အား ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၂၂၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၂၃/၄၂၇ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် အရပ်သား ၃ ဦး ထက်မနည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေလျှက်ရှိကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာတို့ ကို စက်တင်ဘာ ၁၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးခြင်းနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၁
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် ၈ ရက်နေ့ တွင် နေရာကျဲကျဲ၊ ၉ ရက်နေ့တွင် နေရာစိပ်စိပ်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယနေ့တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မ အထိရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများအဆက်မပြတ် မြင့်တက် လျက်ရှိသည်။