news

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ တိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၆

          မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် COL SHRIKANT JETHI ဦးဆောင်ပြီး အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

          မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ရန်အတွက် ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ကြည်း ၊ ရေ ၊ လေ )မှ အရာရှိ ၊ စစ်သည်များ ပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး ၊ တပ်မတော်အရာရှိကြီးများ ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့

         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တပ်မတော်အားကစားနှင့်ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်သည်။

          မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ မြန်မာစီးပွားရေးကိုယ်စားလှယ်ရုံး၌ ကျင်း ပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာဟန်ကျင့်အား ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတော်ဧည့်ဂေ ဟာ၌  တွေ့ဆုံဆွေးနွေးသည်။