နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှု ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေး မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော မြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် လွိုင်လင်လေးမြို့ နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင်လည်း ကောင်း ရပ်ကွက်၊ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည် များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင် သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင် အခြားလိုအပ်သည်များကို ဒေသခံပြည်သူ များနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
news
မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် လှူဒါန်းငွေများကို ၂၁-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာမှ အမျိုးသား ၂၀ ဦးကျော်ကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တပ်မတော်နှင့် ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၉ ရက်နေ့၊ ညနေ (၅)နာရီခွဲအချိန် ထုတ်ပြန်သည့် အထူး မိုးလေဝသ သတင်းအနေဖြင့် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”သည် ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဒါနန်းမြို့(Da Nang)၏ မြောက်ဘက်မှ ဖြတ်ကျော် လျက်ရှိပါသည်။
စက်တင်ဘာ ၂၀ ရက်တွင် အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်း သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် နိုင်ပါသည်။
|
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များမှာကြား၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်း တပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေး မှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ် ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး စကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက် ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီ ရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိသည်။