ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) နှင့် ပတ်သက်၍   အားနည်းချက်/အားသာချက် အပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၃၁

Thursday, January 1, 2026 - 02:45

         ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)အောင်မြင်စွာ ကျင်းပပြီးနောက် အားနည်းချက်/အားသာချက် အပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။  

ဦးစွာ တိုင်းမှူး က အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက်  သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက အပိုင်း(၁) ရွေးကောက်ပွဲတွင်ဆောင်ရွက်ခဲ့သည့် မြို့နယ်များ၏ အားသာချက်/အားနည်းချက်များကို သုံးသပ်အကြံပြုဆွေးနွေး၍ ဆက်လက်ကျင်းပမည့် အပိုင်း(၂)ရွေးကောက်ပွဲတွင် ဆောင်ရွက်သွားမည့်သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။