ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်များ၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ အပိုင်း (၁)၏ အားနည်းချက်၊ အားသာချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရန် ကျန်ရှိနေသေးသော မြို့နယ်များ၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထား ရှိမှု အခြေအနေများအားလည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း (၂)နှင့် အပိုင်း (၃)တွင် ပါဝင်သည့်မြို့နယ်များ၏ တာဝန်ရှိသူများနှင့် မိုင်းတုံမြို့နယ်တာဝန်ရှိသူက (Video Conferencing) ဖြင့်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းမှူးက ရွေးကောက်ပွဲ အပိုင်း၂ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာနှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ ဆန္ဒမဲပေးရန်စောင့်ဆိုင်းစဉ် နားနေရန် ယာယီတဲနှင့်ထိုင်ခုံများ၊ သောက်ရေများ စီစဉ်ထားရှိရေး၊ တောင်ပေါ်ကျေးရွာများအတွက် အကြို/အပို့ မော်တော် ယာဉ်များ အဆင်သင့်စီစဉ်ထားရှိရေး၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်း ဆိုင်ရာများကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

