news

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ကျေးရွာသူ၊ ကျေးရွာသား၊ ကလေး/လူကြီး အချို့ အစာအဆိပ်သင့် လက္ခဏာများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါသည်။ အဆိုပါ ကျေးရွာရှိ ရေဘေးသင့် ပြည်သူများသည် အလှူရှင် များမှ လာရောက်လှူဒါန်းသည့် ကြက်သား ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကို စားသုံးခဲ့ကြပြီး အစာအဆိပ်သင့် လက္ခဏာများ ဖြစ်ပေါ် ခဲ့ရာ နေပြည်တော် ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီး ဌာနမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များက အဆိုပါကျေးရွာသို့ ရောက်ရှိနေပြီး ကုသခြင်း၊ ဆေးရုံသို့ လွှဲပြောင်းခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

          တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့်  ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက်  သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ စစ်ရေယာဉ် INS Satpura (F-48) သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူ များက ဝမ်းပန်းတသာ ကြိုဆိုကြသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စမုံဆည်ကျိုးကျ၍ ဆည်အောက် ဘက်ရှိ ကျေးရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရပြီး ရေပြန်ကျချိန်တွင် အပျက်အစီး များသည့်အတွက် အကူအညီလိုအပ်နေသည်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားထုတ်ဝေလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို တပ်မတော်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ  ၁၈

          ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို တပ်မတော် က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ နားခေါကျေးရွာအနီးတွင် မိုင်းပျဉ်းမှ မိုင်းပုအွန်ဘက်သို့ စိုင်းဦးပေတ မောင်းနှင်ပြီး မနန်းရှဲန်အွမ် နှင့် စိုင်းကော်တို့ လိုက်ပါလာသည့်

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့ တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ချောင်းရေ နှင့်မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့ နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား အချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာန အဆောက်အဦ၊ စာသင် ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လူငယ်တစ်ဦး ပြည်သူ့စစ်မှုထမ်းဆောင်ရန် တိမ်းရှောင်သဖြင့် ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၎င်းလူငယ်၏ လေဖြတ်နေသောမိခင်ဖြစ်သူကို တာဝန်ရှိသူများက ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှား များ မဟုတ်မမှန် လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများဆောင်ရွက်ပေးသွားရန်လို

နေပြည်တော်၊ စက်တင်ဘာ - ၁၇

          သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေး ၍ လိုအပ်သည်များ မှာကြားသည်။