ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၃၁

Thursday, January 1, 2026 - 02:45

 ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးမှ တိုင်း/ခရိုင်အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍  အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် တိုင်း ဒေသကြီးအလိုက် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အပိုင်း(၁)ရွေးကောက်ပွဲတွင် ဆောင်ရွက်ခဲ့သည့် မြို့နယ် များ၏ အားသာချက်/အားနည်းချက်များကို အကြံပြုဆွေးနွေး၍ ဆက်လက် ကျင်းပမည့် အပိုင်း(၂)ရွေးကောက်ပွဲတွင် ဆောင်ရွက်သွားမည့် သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြ ကြရာ တိုင်းမှူးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။