ရန်ကုန်တိုင်းဒေသကြီးတွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်အား ဒီဇင်ဘာ ၂၇ ရက် နံနက်မှ စတင် ရုပ်သိမ်း
နေပြည်တော် ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက် ၁ နာရီမှ နံနက် ၃ နာရီအချိန်အတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက် ကောင်းမွန်လာပြီး စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော ညမထွက်ရ အမိန့်အား ဒီဇင်ဘာ ၂၇ ရက် နံနက်မှ စ၍ ရုပ်သိမ်းလိုက်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။