နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မြဧရာတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တောင် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေသည် အစဉ်အလာရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး ယခင် ကတည်းက KNU သောင်းကျန်းမှုများ၊ ဗကပ သောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရ ကြောင်း၊ နောက်ပိုင်းတွင်နယ်မြေအခြေအနေများ ငြိမ်သက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တပ်မတော်မှနိုင်ငံတော် တာဝန်ထမ်းဆောင်ချိန်တွင် PDF အမည်ခံကြမ်းဖက်သောင်း ကျန်းသူများမှ အကြမ်းဖက်မှုများလုပ်ဆောင် လာခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ခဲ့ရကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် အတွက် “အမြဲတိုက်ပွဲဝင်အသင့်” ( Fit for Fight ) ဖြစ်နေရန်လိုကြောင်း၊ ထိုသို့ အမြဲ တိုက်ပွဲဝင်အသင့် ဖြစ်နေရန်အတွက် တပ်မတော်သားတစ်ဦးချင်းအနေဖြင့် ကျန်းမာ ကြံ့ခိုင်နေရန်လိုကြောင်း၊ ထို့ကြောင့် နေ့စဉ်ဆောင်ရွက်ရမည့် ကြံ့ခိုင်ရေး လုပ်ငန်းများ ကို အမြဲလေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့အသက်အရွယ်နှင့် ကိုက်ညီပြီး ကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် နေထိုင်စားသောက်ပြီး တစ်ကိုယ်ရည် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ဆောင်ရွက်နေရန်လိုကြောင်း၊ ကျန်းမာ ကြံ့ခိုင်နေမှသာ မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင် မည်ဖြစ်ကြောင်း၊ အလားတူ သွားလာနေထိုင်မှုများတွင်လည်း “သွားသတိ၊ လာသတိ” ဖြင့်သွားလာနေထိုင်ကြမည်ဆိုပါက ကျရောက်လာမည့် အန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သတိ ဟူသည်မှာ ပိုသည်မရှိကြောင်း။
တိုက်ပွဲဝင်ရာတွင် ရဲစွမ်းသတ္တိရှိရန်လိုကြောင်း၊ တိုက်ပွဲများတွင် ရဲစွမ်းသတ္တိ ရှိရှိဖြင့် သင်ကြားတတ်မြောက်ထားသည့် စစ်ပညာရပ်များကို လက်တွေ့စစ်မြေပြင် တွင် အသုံးချပြီး အောင်မြင်စွာတိုက်ခိုက်နိုင်ရန်လိုကြောင်း၊ ရဲစွမ်းသတ္တိဆိုသည်မှာ မိုက်ရူးရဲဆန်စွာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရဲ ကိုင်ရဲသည့် စိတ်ဓာတ်ဖြင့်သတ္တိရှိရှိလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း တာဝန်များကို သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ဖြင့် တတ်ကျွမ်း နေအောင် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ထိရောက်သော ပစ်ခတ်မှုများ ဖြစ်ရန်အတွက် မိမိတို့ကိုင်တွယ်အသုံးပြုရသည့် လက်နက်များ၊ အသုံးအဆောင် ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်လိုကြောင်း။
သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို စစ်မြေပြင်တွင် လက်တွေ့ အသုံးချနိုင်ရေး အမြဲလေ့ကျင့်နေရန်လိုကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်မူဝါဒနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာ များနှင့် မျက်ခြည်မပြတ်လေ့လာနေရမည်၊ သင်ယူတတ်မြောက်ပြီးဖြစ်သည့် စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အမြဲလိုက်နာ ကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေစေရေး မိမိတို့နေ့စဉ် ဆောင်ရွက်နေရသည့် သမားစဉ်လုပ်ငန်းရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန် လိုကြောင်း၊သင်ကြားပေးထားသည့် စစ်အတတ်ပညာများအား ပြန်လည်လေ့ကျင့်ခြင်း နှင့် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းသည် အမြဲ လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်မတော်သားများ၏ သက်သာချောင်ချိ ရေးအတွက် တပ်မတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့တစ်ဦးချင်း၏ ဝင်ငွေနှင့်ထွက်ငွေကို ညီညွတ်မျှတစွာ သုံးစွဲကြရန်လိုကြောင်း၊ အရက်၊ ကွမ်း၊ ဆေးလိပ်စသည့် အသောက်အစားများနှင့် အပျော်အပါးများကို တတ်နိုင်သမျှရှောင်ရှား ကြရန်လိုပြီး မိမိကိုယ်ကို ထိန်းသိမ်းကြရန်လိုကြောင်း၊ တပ်မတော်သားများသည် အသက်နှင့်ရင်း၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို တာဝန်ထမ်းဆောင်ကြရ ခြင်းဖြစ်သဖြင့် မိမိတို့၏ဘဝကို တန်ဖိုး ထားကြရန်လိုကြောင်း။
လူတိုင်းသည် မိမိတို့ဘဝတိုးတက်ရေးအတွက် အမြဲဆောင်ရွက်နေကြကြောင်း၊ ကြိုးစားအားထုတ်မှုကောင်းမွန်သည့် သူများသည် ဘဝတိုးတက်ရေးကို ပိုမိုဆောင်ရွက် နိုင်ကြကြောင်း၊ ထို့ကြောင့် မိမိတို့ဘဝတိုးတက်ရေးအတွက် မိမိကိုယ်ကို စောင့်ထိန်းပြီး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မား ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ တပ်မတော်သား များ၏ လစာနှင့်စရိတ်များ၊ ရိက္ခာများပြည့်ပြည့်ဝဝရရှိစေရေး၊ အဆင့်အတန်းမီစွာဖြင့် ဝတ်စားဆင်ယင် နေထိုင်နိုင်ရေးတို့ကို တပ်မတော်မှ ဖြည်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း။
ပညာရေးနှင့်ပတ်သက်၍ “အသိပညာသည် လူကောင်းဖြစ်စေပြီး အတတ်ပညာ သည် လူတော်ဖြစ်စေ” ကြောင်း၊ အသိပညာတိုးတက်ရန်အတွက် အတန်းပညာရှိရန် လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မားစေရေး ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်း၏ ဘဝကိုမြင့်မားစေကြောင်း၊ ထို့ကြောင့် ဗဟုသုတအတွေးအခေါ်များရရှိစေမည့် စာအုပ်စာပေများကို အမြဲလေ့လာဖတ်ရှုနေရန် လိုကြောင်း၊ အလားတူ မိမိတို့၏သားသမီးများ၏ ပညာရည် မြင့်မားရေးကို ဆောင်ရွက် ပေးသကဲ့သို့ ဗဟုသုတရရှိစေမည့် စာအုပ်စာပေများဖတ်ရှုစေရေးအတွက်လည်း အမြဲတိုက်တွန်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့၏ ဘဝထက်သာလွန်သည့် ဘဝများရရှိစေရေး မိမိတို့၏သားသမီးများကို မြေတောင်မြှောက်ပေးကြစေလိုကြောင်း၊ တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေး အတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ချီးမြှင့်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံတော်၏ပညာရည် မြင့်မားရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်တည် ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲအစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် တစ်သားဖြစ်အောင် နေထိုင်ကျင့်ကြံဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မိမိတို့တွေ့ကြုံရသည့် အတွေ့အကြုံများကို သင်ခန်းစာယူ၍ မိမိကိုယ်ကိုသော်လည်းကောင်း၊ မိမိတို့တပ်မတော်ကိုလည်းကောင်း၊ မိမိတို့နိုင်ငံတော် အတွက်လည်းကောင်း ကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းနိုင်သူ၊ ဒေသနှင့်နိုင်ငံအကျိုးကို အမှန်တကယ်ဆောင် ရွက်နိုင်သူ၊ ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူ၊ တပ်မတော်နှင့် လက်တွဲ၍နိုင်ငံ့အကျိုးကို အမှန်တကယ်သယ်ပိုးဆောင်ရွက်နိုင်သူများကို ရွေးချယ် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် ပေါ်ပေါက်လာမည့်အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကိုလွှဲ ပြောင်းပေးအပ်သွား မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးကဝိုင်းဝန်းဆောင်ရွက် သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံ ရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့ စစ်မှုထမ်းများအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည်လည်း အမျိုးသမီးကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက် ရှိသည့် တပ်မတော်သား မိသားစုဝင်များအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ် ရာများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။







