ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညို
နေပြည်တော်၊ ဒီဇင်ဘာ - ၂၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည် ညို၍ ပြည်မြို့ ညနေနေဝင်ချိန်ရှုခင်းအားကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။
ယင်းနောက် ရွှေဆံတော် စေတီတော် ဗုဒ္ဓပြတိုက်အတွင်း၌ Pagoda Digital Directory Online Website ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူတစ် ဦးမှ ရှင်းလင်းတင်ပြရာ အွန်လိုင်းတွင်ဖော်ပြရာ၌ ဘုရားများ၏သမိုင်းအထောက် အထားများ ခိုင်ခိုင်မာမာဖြစ်ရန်လိုကြောင်း၊ ဓာတ်ပုံများကိုလည်း ခေတ်နှင့်လျော်ညီ သည့် ဓာတ်ပုံအရည်အသွေးများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်း ညွှန်မှာကြားသည်။ ထို့နောက် ပြတိုက်အတွင်းခင်းကျင်းပြတိုက်ထားသည့် ခေတ်အ ဆက်ဆက်၌ သွန်းလောင်းပူဇော်ခဲ့ကြသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် သမိုင်း အထောက်အထားများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် ပြည်မြို့ကျက်သရေဆောင်လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော် ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
အလားတူ ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပြည်မြို့ ကမ်းနား လမ်းသို့ရောက်ရှိပြီး ကမ်းနားလမ်းရှိ ခေတ္တရာ ညဈေးတန်း၌ ဒေသရိုးရာအစား အသောက်များ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေး ရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက်ကမ်းနားလမ်းတစ်လျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွား ရန်လိုအပ်သည့် အခြေအနေများ၊ ယာဉ်ရပ်နားရန်နေရာများ စနစ်တကျဖြစ်ရန်လိုသည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။










