၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
news
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက် ဒီကနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေကြသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦးသို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နေပြည်တော် တပ်မတော်လေဆိပ်၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် နှောကုန်းကျေးရွာတွင် နိုဝင်ဘာ ၁၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ် ၂၀၀ နီးပါး ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် ဒေသခံအမျိုးသမီး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာ RFA Burmese က သတင်းတု၊သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဘိုးငွေ ၁၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှု ကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိသည့် အငှားနေအိမ်လိုင်းခန်း သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသား ၄ ဦးအား လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ်နိုင်ငံပိုင်သတင်းစာများ၌ သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့်တာဝန်ရှိသူများ တက်ရောက်၍ မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။