ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ သို့ သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
news
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင် ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်ပ နိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦးကို အ
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု များ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက် အအုံများအား စနစ်တကျဖ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၁၂ /၂၀၂၅
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်)
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၁၁ /၂၀၂၅
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၁၀ /၂၀၂၅
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၉ လုံး ထပ်မံဖြိုချဖျက်ဆီး၊
ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၁၉၅ ဦးတို့အား ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၆
(၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးလိုသူများက ၎င်းတို့ ပြစ်မှုကျူးလွန်ရာတွင် သဲလွန်စမကျန်ရှိစေရေး လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား အသုံးပြုကျူးလွန်ဖျောက်ဖျက်ခြင်းများ၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်အညီ နိုင်ငံအနှံ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ တွင်ကျယ်စွာ အသုံးပြုလာကြသကဲ့သို့ လိုင်စင်မဲ့ မော်တော် ယာဉ်/ မော်တော်ဆိုင်ကယ်များကို တရားမဝင်အရောင်းအဝယ်ပြုလုပ်လာကြသည့်အပြင် လူမှုကွန်ရက် စာမျက်နှာများ အသုံးပြု၍လည်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လာကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်မျာ















































