ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများမှ ရေးသားဖော်ပြထားသည့် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ ၁ စီးသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၊ ကော့ဘဇားရှိ စိန့်မာတင်(St Martin)ကျွန်းအနီး နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ငါးဖမ်းနေစဉ် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟူ၍ အဆိုပါနိုင်ငံရှိ http;//www. Dhakatribune.com / Bangladesh / nation / 366495 / Bangladeshi-fisherman-injurred-by-myanmar-navy များ၌ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။