news

            လမ်းလျှောက်ခြင်းသည် အရိုးရှင်းဆုံးနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်သော အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည့်အတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်၍ အများပြည်သူ စုပေါင်းလမ်းလျှောက် ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုပွဲများကို နိုင်ငံတစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasakm Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းမ

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့၊ မဲ့ထော်သလေးကျေးရွာအနီး တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ ၉၆ ဦး ထပ်မံဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ

                   တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်ဌေး၊ တပ်မတော်နည်းပညာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင် ခြင်းဖြစ်သည့်အတွက် မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများအလိုက်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေး Door to Door စနစ်ဖြင့် မြေပြင်တစ်အိမ်တက်ဆင်း၍ လိုက်လံကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရတနာပုံမြို့သစ်စီမံကိန်းသို့ သွားရောက်   ကြည့်ရှုစစ်ဆေး

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ရတနာပုံဆိုက်ဘာစီးတီးအား ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်မည်

နေပြည်တော်၊ ဒီဇင်ဘာ - ၅

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)  သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ - ၅

          တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်း ဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်၊ ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ဒီဇင်ဘာ - ၅