(၈၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၆ မတ် - ၂၇
(၈၁)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်း တက်ရောက်၍ ဆုများကို ပေးအပ် ချီးမြှင့်သည်။
ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်း အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲရင့်ဝင်း ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း က ဂုဏ်ပြု ဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အထူးတပ်ဖွဲ့စစ်ရေးပြတပ်ခွဲ၊ ယန္တရား တပ်ခွဲဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု ယန္တရား တပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေး မှူးရုံးကိုယ်စားပြုယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ် စားပြုယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြုဂုဏ်ပြုအမြောက်တပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီး ဝိုင်းအဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း(အမျိုးသမီး)အလံ အဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဆင်ဖြူရှင်စစ်ကြောင်းစစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့အကောင်း ဆုံးဆုရရှိသည့် ဘုရင့်နောင်စစ်ကြောင်းအလံအဖွဲ့၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) (အမျိုးသမီး)တပ်ခွဲတတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၁) ၊ အကောင်းဆုံးစခန်းတတိယဆုရရှိသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၃)၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၃)၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ် စားပြုစစ်ရေးပြတပ်ခွဲ (၁)၊ စစ်ရေးပြအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) တို့အား ဂုဏ်ပြုဒိုင်း ဆုများနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း က လေ့ကျင့်ရေးအ ကောင်းဆုံးတတိယဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ လေ့ကျင့်ရေးအကောင်းဆုံး ဒုတိယဆုရရှိသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ လေ့ကျင့်ရေးအကောင်းဆုံး ပထမဆုရရှိသည့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ် စားပြု(အမျိုးသား)စစ်ရေးပြ တပ်ခွဲ(၃)၊ တပ်မတော်(ကြည်း၊ရေ၊လေ) (အမျိုးသမီး) တပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုး သမီး)တပ်ကြပ်ကြီးစာရေး စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံးစခန်း ဒုတိယဆုရရှိ သည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီ သီချင်း အကောင်းဆုံး ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေး မှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆုရရှိသည့် လေကြောင်းချီတပ်ဖွဲ့ ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) တပ်ခွဲပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြ တပ်ခွဲ(၄)၊ တပ်မတော်(ကြည်း၊ရေ၊လေ) (အမျိုးသမီး)တပ်ခွဲပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်း ဆုံးစခန်းပထမဆုရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ စစ်ချီသီချင်းအကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ စစ်ရေးပြအကောင်း ဆုံး ပထမဆုရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ကို ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်း က ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ဂုဏ်ပြုဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲတတိယဆုရရှိသည့် စစ် အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲဒုတိယဆု ရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် မှ ထပ်မံပေးအပ်သည့် စစ်ရေးပြအကောင်းဆုံးတပ်ခွဲများဖြစ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁) နှင့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တပ်ခွဲတို့အား အထူးဆုအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်သရေစည်သူ ကျော်စွာလင်း က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်း က ဂုဏ်ပြုအမှာ စကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။