news

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ အောက်တိုဘာ ၂၉

            တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပုလောမြို့နှင့် ကျေးရွာ များသို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအနက် မင်းထိန်ကျေးရွာနှင့် ခမောင်းတော ကျေးရွာကြား ဒေသအခေါ် ကျောက်ပုဇွန်တောင်အနီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူ ထားသည့် ကွန်ကရစ်ဓာတ်တိုင် ၂ တိုင်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင်မှာ လမ်းမကြီးပေါ်သို့ ပြိုလဲပျက်စီးခဲ့ပြီး ပုလောမြို့နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပျက်စီးခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့သည့်အတွက် ဒေသခံပြည်သူများ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အဆိုပါလျှပ်စစ်ဓာတ်အားလိုင်းများအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့်ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းအချို့နှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံး

နေပြည်တော်၊ အောက်တိုဘာ ၂၉

             ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲအား အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီခွဲအချိန်တွင် ရေတာရှည်မြို့နယ်၊ တခွဲကြဲ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းအတွင်းရှိ Grade-1၊ Grade-2၊ Grade-5 စာသင်ခန်း ၃ ခန်း၊ ကျောင်းအုပ်ကြီး ရုံးခန်း ၁ ခန်းနှင့် အဆိုပါအခန်းများအတွင်း ထားရှိသည့် သင်ထောက်ကူပစ္စည်းများဖြစ်သော စာရေးခုံ ၂၅ လုံး၊ ထိုင်ခုံ ၂၅ လုံး၊ ဘီရို ၃ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

             ထိုသို့ ကလေးသူငယ်များ၏  ပညာသင်ကြားမည့်အခွင့်အလမ်းဆုံးရှုံးစေရန် ရည်ရွယ်ချက် များဖြင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား  PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ အောက်တိုဘာ - ၂၉

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများ ပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ နှောင့်ယှက် ဖျက်ဆီး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအား  PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန ရုံးသို့ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက် သမားများက ရောက်ရှိလာပြီး ၎င်းတို့အသင့်ယူဆောင်လာသည့် ဓာတ်ဆီပုလင်း များဖြင့်လောင်း၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင် မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေခန့်ရှိ နှစ်ထပ်တိုက်သွပ်မိုး၊ အုတ်ကာ ရုံးအဆောက်အဦ တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ  ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၂၉

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ရဲဇော်ဟိုက်(ခ) ရဲရဲသည် ၎င်းအသုံးပြုသည့် “Ye Zaw Hite” Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ( ၄၇   / ၂၀၂၂ )

၁၃၈၄ ခုနှစ်၊  တန်ဆောင်မုန်းလဆန်း    ၆    ရက်

( ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ   ၂၉   ရက် )

         

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေ ရမည်။

၂။       အမျိုးသားပညာရေးဥပဒေပုဒ်မ ၂ တွင်-

(က)    ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဂ)    ကော်မရှင်ဆိုသည်မှာ ဤဥပဒေပုဒ်မ ၅ အရ ဖွဲ့စည်းထားသည့် အမျိုးသားပညာရေးကော်မရှင်ကို ဆိုသည်။”

          (ခ)     ပုဒ်မခွဲ (ဓ) တွင်ပါရှိသော “အမျိုးသားပညာရေးမူဝါဒကော်မရှင်” ဆိုသည့်      စကားရပ်ကို “ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ)     ပုဒ်မခွဲ (ယ) နှင့် (ဠ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ယ)  အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ ဆိုသည်မှာ ပညာရေး အမျိုးအစားများနှင့် ပညာရေးအဆင့် အသီးသီး၏ အရည်အသွေးအာမခံမှုကို အကဲဖြတ် ဆောင်ရွက်ရန် ဝန်ကြီးဌာနက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဆိုသည်။

(ဠ)     တက္ကသိုလ်ကောင်စီ ဆိုသည်မှာ သက်ဆိုင်ရာတက္ကသိုလ်၏ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ၎င်းတို့နှင့် အဆင့်တူညီ သောပုဂ္ဂိုလ်များ၊ မဟာဌာနမှူးများ၊ ဌာနမှူးများ၊ ဘာသာရပ် ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ တာဝန်ရှိ သူများ အပါအဝင် သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ် စာတမ်းအရ ဖွဲ့စည်းသည့် ကောင်စီကိုဆိုသည်။”

          (ဃ)    ပုဒ်မခွဲ (အ) ၏ နောက်တွင် ပုဒ်မခွဲ (ကက) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

“(ကက)အမျိုးသားပညာရေးအဆင့်မူဘောင် ဆိုသည်မှာ ပညာရေးအဆင့် အသီးသီး၏ အရည်အသွေးအာမခံမှုနှင့် အရည်အသွေးအဆင့် အတန်း တို့ကို သတ်မှတ်နိုင်ရန် အမျိုးသားပညာရေး အဆင့် အတန်းနှင့်အရည်အသွေးအာမခံမှုအကဲဖြတ် ကော်မတီက ရေးဆွဲ ၍ ဝန်ကြီးဌာနက အတည်ပြုထားသည့် မူဘောင်ကို ဆိုသည်။”

၃။      အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄ တွင် -

(က)    ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ခ)   ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည် ပညာရေးနှင့် သက်ဆိုင်သည့်ဥပဒေများ ရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များ နှင့် ပြည်သူလူထု၏ အကြံပြုချက်များကိုရယူရေး၊”

 (ခ)   ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်။

 (ဂ)    ပုဒ်မခွဲ (ည)ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ည) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် နှင့် သိပ္ပံများသည် ပညာရေး ဆိုင်ရာ မူဝါဒများနှင့်အညီ လွတ်လပ်သော စီမံခန့်ခွဲရေး စနစ်ကို ဦးတည်ဆောင်ရွက်ရေး၊”

(ဃ)    ပုဒ်မခွဲ (ဏ) တွင် ပါရှိသော “ပညာရေးအဆင့်အတန်း” ဆိုသည့် စကားရပ်အစား “အမျိုးသားပညာရေး အဆင့်မူဘောင်နှင့်အညီ ပညာရေး အဆင့်အတန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။      အမျိုးသားပညာရေးဥပဒေ အခန်း (၄) တွင်-

(က)    ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည် -

          “အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ တာဝန် ဝတ္တရားများ”                            

(ခ)     ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့ကို အောက်ပါအတိုင်း အစားထိုးရမည် -

           “၅။ (က) အစိုးရအဖွဲ့သည် အမျိုးသားပညာရေးကော်မရှင်ကို အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-

(၁)     အစိုးရအဖွဲ့က ရွေးချယ်သော ပညာရှင် (၁) ဦး၊

(၂)      ဝန်ကြီးဌာနက ရွေးချယ်သော ပညာရှင် (၁) ဦး၊

(၃)     အခြေခံပညာရေးကဏ္ဍမှ ပညာရှင် (၁) ဦး၊

(၄)     အဆင့်မြင့်ပညာရေးကဏ္ဍမှ ပညာရှင် (၁) ဦး၊

(၅)     နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍမှ ပညာရှင်(၁)ဦး၊

(၆)     ဆရာအတတ်သင်ပညာရေးကဏ္ဍမှ ပညာရှင်(၁) ဦး၊

(၇)     လူတိုင်းအကျုံးဝင်ပညာရေးကဏ္ဍမှ ပညာရှင် (၁) ဦး၊ 

(၈)     သင်ရိုးညွှန်းတမ်း ပညာရှင် (၁) ဦး၊

(၉)     ဥပဒေပညာရှင် (၁) ဦး၊

(၁၀)   ဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၂)ဦး။

(ခ)   ကော်မရှင်၏ ဥက္ကဋ္ဌကို ကော်မရှင်အဖွဲ့ဝင်များက ရွေးကောက် တင်မြှောက်ရမည်။

(ဂ)   ကော်မရှင်၏ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့၏ တာဝန်ကို ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ဆောင်ရွက် စေရမည်။

(ဃ) အစိုးရအဖွဲ့သည် လိုအပ်ပါက ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း နိုင်သည်။

(င) ကော်မရှင်၏ သက်တမ်းသည် သာမန်အားဖြင့် ငါးနှစ် ဖြစ်သည်။

၆။      ကော်မရှင်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)    ပညာရေးစနစ်နှင့် ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာရေး ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် အကြံ ပြုခြင်း၊

(ခ) ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းများအပေါ် အကြံပြုခြင်း၊

 (ဂ)    ပြည်တွင်းပြည်ပနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများ ပိုမိုတိုးတက် ဖြစ်ထွန်း လာရေးအတွက် အားပေးကူညီအကြံပြုခြင်း၊

 (ဃ)   ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ လူမှုစီးပွား ဘဝမြင့်မားရေးဆိုင်ရာလုပ်ငန်းများတွင် အားပေးကူညီ အကြံပြုခြင်း၊

(င)     ကျောင်းများတွင် ကောင်းမွန်သော အရည်အသွေး စီမံ ခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာ‌စေရေးအတွက် အားပေးကူညီ အကြံပြုခြင်း။”

(ဂ)     ပုဒ်မ ၇ နှင့် ပုဒ်မ ၁၀ တို့ကို ပယ်ဖျက်ရမည်။

၅။      အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ (ခ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

“(ဂ)  အကြောင်းအမျိုးမျိုးကြောင့် မူလတန်းအဆင့်ပညာရေးကို သင်ယူခွင့် မရရှိ ခဲ့သော သို့မဟုတ် သင်ယူပြီးမြောက်မှုမရှိခဲ့သော အသက် ၁၀ နှစ်မှ ၁၄ နှစ် အတွင်း ကလေးများသည် ကျောင်းပြင်ပ မူလတန်းပညာရေးကို သင်ယူရ မည်။”

၆။      အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၂၆။ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြား သင်ယူမှုနှင့် လွတ်လပ်သော စီမံခန့်ခွဲရေး စနစ်ကို ဦးတည်ဆောင်ရွက်ရမည်။”

၇။      အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၇ ကို ပယ်ဖျက်ရမည်။

၈။      အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၂၈ တွင်-

(က)    ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဂ) တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်ကောင်စီက တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ တာဝန်ယူဆောင်ရွက်ရမည်။”

(ခ)      ပုဒ်မခွဲ (ဃ) တွင် ပါရှိသော “ပညာရေး” ဆိုသည့်စကားရပ်ကို “ပညာရပ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၉။      အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၃၉နှင့် ပုဒ်မ ၄၀ တို့တွင် ပါရှိသော “ကော်မရှင်” ဆိုသည့်စကားရပ်ကို “ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၀။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၁ ပုဒ်မခွဲ (က) တွင် ပါရှိသော “ကော်မရှင်က ဖွဲ့စည်းပေးသော” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

၁၁။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ခ)    အခြေခံပညာအဆင့်တွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံးဘာသာ စကား အဖြစ် အသုံးပြုရမည်။”

၁၂။     အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၄၄။   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားသင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်။”

၁၃။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ (စ) ကို ပယ်ဖျက်ရမည်။

၁၄။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၄ ကိုအောက်ပါအတိုင်းအစားထိုးမည်-

“၅၄ ။ ပညာရေးအဆင့်တိုင်းတွင်-

(က)    ပညာအရည်အသွေးအာမခံမှုအစီအစဉ်တစ်ရပ်ရှိရမည်။

(ခ)     ပညာအရည်အသွေးနှင့် အဆင့်အတန်း တိုးတက်မှုကို စစ်ဆေး အကဲဖြတ်မည့်  အတွင်းအရည်အသွေး စစ်ဆေးအကဲဖြတ်မှု လုပ် ငန်းစဉ်နှင့် ပြင်ပမှ အရည်အသွေး စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ် တို့ ပါဝင်ရမည်။

(ဂ)     အရည်အသွေး ခိုင်မာမှုအတွက် စစ်ဆေးအကဲဖြတ်ရမည့် နည်းလမ်းများကို ဝန်ကြီးဌာနက သတ်မှတ်ရမည်။”

၁၅။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၅၅။   အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ကော်မတီသည် ပုဒ်မ ၅၄ ပုဒ်မခွဲ (ဂ) ပါ ဝန်ကြီးဌာန၏ သတ်မှတ်ချက်များ နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရမည်။”

၁၆။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၆ တွင်-  

          (က)    ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -

 “(က) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့သည် သက်ဆိုင်ရာ အဆင့်မြင့်ပညာ ကျောင်းများကို ဤဥပဒေနှင့် ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့်အညီ စီမံခန့်ခွဲရမည်။”

(ခ)     ပုဒ်မခွဲ (ခ)၏ နောက်၌ ပုဒ်မခွဲ (ဂ)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

“(ဂ)    ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့သည် အမျိုးသား ပညာ ရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒများ အကောင် အထည်ဖော်မှုအပေါ် အကဲဖြတ်သုံးသပ်ရမည်။”

၁၇။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၇ တွင်-

(က)    ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်။

(ခ)      ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဃ)  ပုဒ်မခွဲ (ခ)ပါ အဆင့်မြင့်ပညာကျောင်းများမှအပ ကျန်အဆင့်မြင့် ပညာကျောင်းများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင် ရန် တက္ကသိုလ် ကောင်စီကို သက်ဆိုင်ရာ တက္ကသိုလ် အသီးသီး၏ ပဋိညာဉ်စာတမ်းနှင့်အညီ ဖွဲ့စည်းခွင့်ပြုရမည်။”

၁၈။    အမျိုးသားပညာရေးဥပဒေပုဒ်မ၅၈ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၅၈။   ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ပညာရေးဆိုင်ရာ မူဝါဒများကို ရေးဆွဲ၍ အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူခြင်း၊

(ခ)     အမျိုးသားပညာရေး ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ မူဝါဒ များ အကောင်အထည်ဖော် ‌ဆောင်ရွက်နိုင်ရန် အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည် အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၊ အခြားလိုအပ်သော ကော်မတီ၊ ကောင်စီနှင့် အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးခြင်း၊

(ဂ)     ပညာရေးအရည်အသွေးမြင့်မားရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူဝါဒ များ၊ မဟာဗျူဟာများနှင့် ယင်းတို့ကို အကောင်အထည် ဖော်မည့် စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်း ချမှတ်ခြင်းကို အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူခြင်းနှင့် အကောင်အထည်ဖော်မှုကို ပံ့ပိုးခြင်း၊

 (ဃ)   သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒများ၊ မဟာဗျူဟာများနှင့် ယင်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်မှု စီမံချက်၊ ပညာရေး ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ပညာရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် အခြားလုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်း၊

 (င)    ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်သော ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကျွမ်းကျင်သူ၊ နည်းပညာ၊ ဘဏ္ဍာရေးနှင့် ကျောင်း တည်ထောင်ဖွင့်လှစ်မှုများကို အကူအညီပေးခြင်းနှင့် ပညာရေးဆိုင်ရာ အရည်အသွေးစံနှုန်းများ တစ်ပြေးညီ ဖြစ်စေရန် အတွက် ပံ့ပိုးညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊

(စ)     ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များ၊ အခြား သက်ဆိုင်သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဆ)    ပညာရေးအတွက် လျာထားသည့် ရသုံးဘဏ္ဍာငွေများကို ဘဏ္ဍာ ရေးစည်းမျဉ်း စည်းကမ်းများ နှင့်အညီ အသုံးပြုစေခြင်း၊

(ဇ)     ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ နှင့်ပညာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံခြင်း၊

(ဈ)     ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှု ရပ်တန့်ခဲ့ရသော ကျောင်းသားများအတွက် သင့်လျော်သော ပညာ သင်ယူခွင့်တစ်ခုခု ပြန်လည်ရရှိစေရန် လိုအပ်သော အစီအမံများ သတ်မှတ်ထားရှိခြင်း၊

(ည)    အရည်အသွေးအာမခံမှု စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊

(ဋ)     ပညာရေးကဏ္ဍအတွက် ပြည်တွင်းပြည်ပမှ ငွေကြေးနှင့် အထောက်အပံ့များ ရယူသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ကြီးကြပ် လမ်းညွှန်ခြင်း၊

(ဌ)     ကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်း တို့ နှင့်စပ်လျဉ်း၍ ကြီးကြပ်လမ်းညွှန်ခြင်း။”

၁၉။    အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၉ တွင် ပါရှိသော “အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဆိုသည့် စကားရပ်အစား “စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၀။     အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၆၅။   ဝန်ကြီးဌာနသည် -

          (က)     ကော်မရှင်နှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို မိမိ၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံစေရမည်။

          (ခ)      ဤဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီ၊ ကောင်စီနှင့် အဖွဲ့များ၏ ကုန်ကျစရိတ်များကို မိမိ၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံစေရမည်။

          (ဂ)      ဤဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီ၊ ကောင်စီ နှင့် အဖွဲ့များတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ပုဂ္ဂိုလ်များ အတွက် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်နိုင်သည်။”

၂၁။     အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၆၉ တွင်-

          (က)    ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ခ)    ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ဦးစီးဌာနများသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”

(ခ)     ပုဒ်မခွဲ (ခ) ၏ နောက်၌ ပုဒ်မခွဲ (ဂ) ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

“(ဂ)    ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကောင်စီ နှင့် အဖွဲ့များသည် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။”

 

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

     

                                                                                 (ပုံ) မင်းအောင်လှိုင်

                                                                                   ဗိုလ်ချုပ်မှူးကြီး

                                                                                          ဥက္ကဋ္ဌ

                                                                           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) ရှိ အထူးကုသမှုစင်တာ နှင့် တပ်မတော်အသဲအထူးကုဆေးရုံ တို့အား သွားရောက်ကြည့်ရှု၊ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၂၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူး တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ  တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင် ၅၀၀)၊ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)ရှိ အထူးကုသမှုစင်တာနှင့် တပ်မတော်အသဲအထူးကုဆေးရုံ တို့အား သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) သို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

 ထို့နောက် ဆေးရုံအစည်းဝေးခန်းမများတွင် ဆေးရုံတပ်မှူးများက ဆေးကုသမှု ဆိုင်ရာ အခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိ လိုသည်များအားမေးမြန်းပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

ထို့နောက် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

           ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ဆေးရုံများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ် ရာဆေးရုံတပ်မှူးများက လက်ခံရယူကြသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၂၈

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး၊ မကွေး မြို့နယ်၊ မိကျောင်းရဲကျေးရွာနေ အေးမင်းဇံ(ခ)ကတုံး၊ သဲအူ(ခ)စန္ဒာသိန်း၊ အေးငြိမ်းဇံတို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် “Aye Min Zan” Facebook အကောင့်၊ “Sandar Thein” Facebook အကောင့်နှင့် “Aye Nyein Zan” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကင်းလှည့်ကျေးရွာနေ အေးကို(ခ)ကိုကို၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံဥသျှောင်ရပ်ကွက်နေ စည်သူအောင်(ခ)စည်သူ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ အောင်မျိုးဦး(ခ)အောင်ကြီးတို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် “Aye Ko” Facebook အကောင့်၊ “Sithu Aung” Facebook အကောင့်နှင့် “Aung Myo Oo” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာနေ ခင်အေးသွယ်(ခ)မိငယ်သည် ၎င်းအသုံးပြုသည့် “Khin Aye Thawe” Face book အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရ ပါသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၅၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၄၅ ဦး၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် (၆)မြို့တို့၌ ဒေသခံပြည်သူ ၉၇၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၅၀၅၉ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။