နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ အုပ်ချုပ်မှု(၂)နှစ်ပြည့် ကြိုဆိုထောက်ခံပွဲ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကြိုဆိုထောက်ခံပွဲ၊ မြန်မာ့တပ်မတော် အားထောက်ခံပွဲနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချပွဲတို့ကို ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
news
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက် ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပြီး ပြည်သူလူထုအကြောက်တရားလွှမ်းမိုးစေရန်အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။



























