နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲဘုန်းတော်ကြီးကျောင်း၌ ယပ်လှဲကျောင်း တိုက် ပဓာနနာယက ဘဒ္ဒန္တ စက္ကိန္ဒ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကတဇ နိုင်ငံတော်သံဃာ့မဟာနာယက(ငြိမ်း) ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက် ရှိ သံဃာတော်များနှင့် တရားနာပရိသတ်များကို အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို တိုင်းရင်းဆေးလုပ်ငန်းရှင် များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းပေးအပ်သည်။
အလားတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အလယ်ဈေးရပ်ကွက်၊ သက္ကျမာန်အောင် ဘုရားအနီး၌ ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ သစ်ပင်များ အား စိုက်ပျိုးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံ ကြည့်ရှုခဲ့သည်။
ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် နေဝင်းအောင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကီမိုခန်းမ၌ မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်များပျက်စီးခဲ့သည့် အိမ် ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများအားပေးအပ်ပြီး သက်ဆိုင် ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
အလားတူ မာန်အောင်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဈေးတန်း ကျောင်း၌ အသက် ၅ နှစ်နှင့်အထက် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အာဟာ ရဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။