အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရခိုင် ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများ တတိယအကြိမ်လှူဒါန်း နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၀

Monday, July 10, 2023 - 16:30

              ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အနောက် တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ တတိယအကြိမ် လှူဒါန်းရန်အတွက် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။

              အဆိုပါ လှူဒါန်းပစ္စည်းများဖြစ်သည့် စားအုန်းဆီ ၁၀၀ ပိဿာ၊ ကြက်ဥ ၁၀၀၀ လုံး၊ ငါးပိ/ငံပြာရည် ၄၀၀ ပိဿာ၊ ငါးနီတူခြောက် ၂၅၀ ပိဿာ၊ ကြက်သွန်နီ ၂၀၀ ပိဿာ၊ အာလူး ၂၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၂၀၀ ဖာတို့ကို တိုင်းစစ်ဌာနချုပ်မှ မော်တော် ယာဉ်များဖြင့် သယ်ဆောင်၍ ပုသိမ်မြို့မှ ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ၎င်းမှတစ်ဆင့် မြစ်ကြီးနားရေယာဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။