ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် ၎င်းတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့်
news
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ဧပြီလ (၂၉) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က သွားရောက် ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထား စဉ် ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့် တရားတော်
(ဤတရားတော်သည် ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော်ဖြစ်သည်)
အဆောင်ဘာလုပ်တုန်းလို့ မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းက တရားဂုဏ်တော် ပုတီးစိတ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေ ပွားတဲ့အကြောင်း၊ နှစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တွေကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပဉ္စဿတ သဟသာနိ၊ ပဉ္စက ငါး၊ ဿတက ဘုရား၊ သဟသာ က တစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း၊ အဲဒီတော့ ပဉ္စသတ္တ သဟသာမိ ငါးသိန်းသော ဘုရားရှင်တို့ကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပေါင်းလိုက်တော့ ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော် ရှိခိုးပါ၏။ ဘုရားငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးက ပြောတယ်၊ သူက ငယ်ငယ်လေးကတည်းက၊ သူ ခုနှစ်နှစ်သား အရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ်ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှ မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာ ရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့ အကြောင်း၊ အဲဒါ ဘယ်တုန်းက စခဲ့တာတုန်းဆိုတော့ လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာ တစ်သိန်းက ဘုရင်ကြီးတစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနှစ်ဆင့်ရှိတဲ့ ပြာသာဒ်၊ ခုနှစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ် ဘေးဘက်များဆီကို လည်ပတ်ကြည့်တော့ ညနေလေးနာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပပြုလုပ်မှု
(၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ)
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီးရောက်ရှိနေသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းကာလနှင့် လေ့လာရေးခရီးစဉ်များပြီးမြောက်၍ တပ်မတော်လေယာဉ်/ မော်တော်ယာဉ်တို့ဖြင့် သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင် ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ် လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီး များ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံ နိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ကြမည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ (Rapid Response Team)RRT အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့အာဆီယံနိုင်ငံများမှပေးပို့သည့်စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း(၅၃၀၀၀)ကျော်တန်ဖိုးရှိအရေးပေါ် အကူ အညီ ပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှလေယာဉ်တစ်စီးသည် ယနေ့နံနက် ၁၁နာရီ၄၅ မိနစ် ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်သို့ ဆိုက်ရောက်ခဲ့သည်။









