သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
news
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုးရေ ယာဉ်ပထမအစီးသည် ရေတုန်ကင် ၇၀ လုံး၊ ကျောင်းစိမ်းဝတ်စုံအထုပ်ကြီး ၁၃ ထုပ်၊ ထောက်ပံ့ပစည်းစုံ ၃၆ ထုပ်၊ ရေသန့်ဆေးပြား ၁၉၈ ဖာ၊ ၅၂ ဂါလံ(ဒီဇယ်) ပေပါ ၇၀ လုံး၊ ကယ်ဆယ်ရေး ကော်ပုံးကြီး ၂၄ ပုံး၊ မိုးကာစ ၂၄ ထုပ်၊ မိုးကာတဲငုတ်များ၊ အခြေခံလူသုံးကုန် ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၂၄ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်နှင့် ဘူးသီးတောင် ကမ်းထိုးရပ် များသို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် MV.Sunshine ရေယာဉ်မှ သွား တိုက်တံ ၂၃၀၀ ချောင်း၊ သွားတိုက်ဆေး(၂၅)ဂရမ် ၆,၀၀၀ ဘူး၊ သွားတိုက်ဆေး (၇၅)ဂရမ် ၆,၀၀၀ ဘူး၊ ၂၀ လီတာရေသန့်ဘူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၅,၀၀၀ ချပ်၊ သွပ်သံ ၂၁၆ ဖာ၊ မိုးကာတဲ ၂၀ ခု၊ ဆန် ၁၅၀ အိတ်၊ ဆီ ၂၂၅ ပိဿာ၊ ဆား ၄၅ ပိဿာ၊ ပဲ ၄၅၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၆၀၀ ဖာ၊ ရေသန့် ၆၅၀ ကဒ်၊ အဝတ်အထည် အထုပ်ကြီး ၁၀ ထုပ်နှင့် အိန္ဒိယနိုင်ငံမှထောက်ပံ့သည့် တာပေါ်လင် ၅၂ လိတ် စုစုပေါင်း ကုန်တန်ချိန်(၅၇)တန်တို့အား တင်ဆောင်၍ စစ်တွေမှ ပုဏ္ဏား ကျွန်းကမ်းထိုးရပ်သို့လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် အပစ်မဲ့အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ခံတောကျေးရွာနှင့် ခန္တီးမြို့နယ်၊ လောင်းပကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက အဆိုပါကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းနှင့် ကျေးရွာခန်းမတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင် ရသေ့တောင်တပ်နယ်၊ ကန်စောက်တပ်နယ် နှင့် ကျောက်တော်တပ်နယ်များသို့ သွားရောက်၍ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးခဲ့ရသည့် နေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ် လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်း လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေး ကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မေ ၂၇
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ဖြင့် နေရာအသီးသီးသို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်(ရေ)မှ ၅၆ မီတာကမ်းထိုး ရေယာဉ်ပထမအစီးသည် MV.Sunshine ရေယာဉ်မှ သွားတိုက်တံ ၄၆၀၀ ချောင်း၊ သွားတိုက်ဆေး (၂၅)ဂရမ် ၁၂၀၀ ဗူး၊ သွားတိုက်ဆေး(၇၅)ဂရမ် ၁၂၀၀ ဗူး၊ ၂၀ လီတာရေသန့်ဗူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၁၉၈၂၅ ချပ်၊ သွပ်သံ ၃၂၀ ဖာ၊ တာပေါ်လင် ၁၂၀ လိတ်၊ မိုးကာတဲ ၄၀ လုံး၊ ကြက်ဥ ၇၉၂၀ လုံး၊ MRTV စလောင်း ၅၀ လုံး၊ ခေါက်ဆွဲခြောက် ၂၅၉ ဖာ၊ အိမ်သာကမုတ် ၉၄၆ ခု ၊ ပိုက် ၉၅၀ ချောင်း၊ GE သွပ်များ၊ အိမ်ရိုက်သံ၊ အမိုးရိုက်သံ၊ ဒီဇယ်ဆီစုစုပေါင်းကုန်တန်ချိန် ၁၉၄.၅ တန်တို့အား စစ်တွေမြို့ Essar တံတား၌တင်ဆောင်၍ ရသေ့တောင်သို့ လည်းကောင်း၊ ၅၆ မီတာကမ်းထိုးရေယာဉ် ဒုတိယအစီးသည် MV.Sunshine ရေယာဉ်မှ သွားတိုက်တံ ၁၁၅၀ ချောင်း၊ သွားတိုက်ဆေး(၂၅)ဂရမ် ၃၀၀၀ ခု၊ သွားတိုက်ဆေး(၇၅)ဂရမ် ၃၀၀၀ ခု၊ ၂၀ လီတာ ရေသန့်ဗူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၃၀၀၀ ချပ်၊ သွပ်သံ ၂၁၀ ဖာ တာပေါ်လင် ၉၀ လိတ်၊ MV Aquarius ရေယာဉ်မှ သွပ် ၁၀၀၀ ချပ်၊ သွပ်သံ ၅၀ ဖာ၊ ခေါက်ဆွဲခြောက် ၄၄ ဖာ၊ အဝတ်အထည်အထုတ်ကြီး ၇ ထုတ်နှင့် အိန္ဒိယနိုင်ငံမှ ထောက်ပံ့သည့် တာပေါ်လင် ၃၆ ထုတ် စုစုပေါင်းကုန်တန်ချိန် ၇၀.၅ တန်တို့အား စစ်တွေမြို့ Essar တံတား၌ တင်ဆောင်၍ မြေပုံကမ်းထိုးရပ်သို့လည်းကောင်း ပို့ဆောင်ပေးခဲ့သည်။
ထို့ပြင် ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးရန်အတွက် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၈၆ ဦးတို့အား ရသေ့တောင် ကမ်းထိုးရပ်၌တင်ဆောင်၍ ယနေ့နေ့လည်ပိုင်းတွင် ရေချမ်းပြင်သို့ ပို့ဆောင် ပေးခဲ့သည်။














