Sunday, July 16, 2023 - 17:00
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသ အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မင်းဘာကြီးဆိပ်ခံ တံတားရှိ လေးမြစ်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမကြီး ကောင်ရေ သုံးသိန်းငါးသောင်းကို စိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။