news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan သို့ ရောက်ရှိ၊ သမ္မတနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇူလိုင်-၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarstan ၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်သို့ ရောက်ရှိကြရာ Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တာဝန်ရှိသူတို့က ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့်အညီ ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ရှိ PJSC “Tatneft” ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေး၊ Kazan Hi-Technology Park သို့ သွားရောက်လေ့လာ
နေပြည်တော် ဇူလိုင် - ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ ကာဇန်မြို့ရှိ PJSC “Tatneft” ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး Kazan Hi-Technology Park သို့ သွားရောက်လေ့လာကြည့်ရှုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ရှိ Kazan Federal University သို့ သွားရောက်လေ့လာ
နေပြည်တော် ဇူလိုင် - ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan ၊ ကာဇန်မြို့ရှိ Kazan Federal University သို့ သွားရောက်လေ့လာသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
နေပြည်တော်၊ ဇူလိုင် - ၁၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်း ကင်းရုံအား PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံးများဖြင့် လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရ
နေပြည်တော်၊ ဇူလိုင် - ၁၃
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်အဆောက်အဦများ၊ လမ်းတံတားများအား ဗုံးခွဲတိုက်ခိုက် ခြင်း၊ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဘုရား ကျောင်းကန်၊ စေတီပုထိုးများနှင့် ပြည်သူလူထုအား အကာအကွယ်ယူ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ခြိမ်းခြောက်ခြင်းနှင့် ရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်းအပါအဝင် လူစည်ကားသည့်နေရာများတွင် ဆင်ခြင်မဲ့ စွာ ဗုံးခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိ မြို့ဖများအား တွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် - ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းတွင် ခန္တီးမြို့၊ နယ်မြေခံတပ်နယ်သို့သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ ခရီးသည်မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လုပ်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည်သူများ သေဆုံး/ဒဏ်ရာရရှိ
နေပြည်တော်၊ ဇူလိုင် ၁၃
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘောကျေးရွာ၏အထွက် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ ယာဉ် စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှု ခံယူနေစဉ် လမ်း၏ယာဘက် ၄ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆည်ကုန်းကျေးရွာနေ မစောဖြူဌေး(၂၆)နှစ် (ဘ) ဦးသိန်းနိုင်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ခရီးသည် ၇ ဦး တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါး ကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။