news

          (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြု ဖျော်ဖြေရေး ကျင်းပမည့် နေရာများ၌ အခမ်းအနားများ ဆောင်ရွက်မည့်အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ထားမှုများအား ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား (ဒုတိယနေ့)သို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ - ၂

          ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား(ဒုတိယနေ့)ကိုနိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက် ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ထူး ဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းသည်။

          အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပ ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၏  အနောက် မြောက်ဘက် ရေမိုင် ၀ ဒသမ ၅ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင် နေကြောင်း သတင်းအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ၁၂ နာရီခန့်တွင် သွားရောက် ရှာဖွေစိစစ်ခဲ့ရာ သုခမောင်(၇)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသည့် အရပ်ဘက်ရေယာဉ်များနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၃ ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့်  ဆေးကုသမှု ခံယူရန်အတွက် မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့် နေရာများ၌ ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Mandalay Young Force (MYF) နှင့် ဝက်လက် PDF  အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁

                 နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နှစ်သစ်ကူးကာလအတွင်း အပြစ်မဲ့ပြည်သူ များအား ထိတ်လန့်ကြောက်ရွံ့စေရန် မန္တလေးမြို့အတွင်း၌ အများပြည်သူများ စုဝေး လျက်ရှိသည့် နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၁

          ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေးအတွက်လည်း တရားဥပဒေစိုးမိုးရေးတာဝန် များကို နေ့ညမပြတ်ထမ်းဆောင်လျက်ရှိသည်။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၆၉၇ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၂၄၃၆ ဦး တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။