ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၃၈ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်
( ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၁၄ ရက် )
အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ခြံအမှတ်(၇၂)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အမျိုးသားဒီမိုကရေစီ ပါတီသစ် (NEW NATIONAL DEMOCRACY PARTY) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာ လိုက်သည်။
အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) ၏ မှတ်ပုံတင် အမှတ်မှာ (၃၃) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၃၉ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်
( ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၁၄ ရက် )
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်ခင်းရပ်၊ ဖက်ခင်းလမ်း၊ ခြံအမှတ်(၂)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP)၏ မှတ်ပုံတင်အမှတ်မှာ (၃၄) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်