news

၂၀၂၂ ခုနှစ်တွင်‌ ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ  မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ  ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက် မင်္ဂလာအချိန် ၀၆း၃၀  နာရီတွင်  မွေးဖွားခဲ့ပြီး အဆိုပါ  ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင်  အရပ်အမြင့် ၂ ပေ  ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။

          အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီး တံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ် ပါသည်။

          အထက်ပါ  ဆင်ဖြူတော်ကလေးမှာ  ယခုအသက် ၄၅ ရက်သားအရွယ်တွင်  အရပ်အမြင့် ၂ ပေ ၇ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်ကလေးမှာ ငယ်စဉ် ကတည်းကပင် လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက် နေပြည်တော် စက်တင်ဘာ - ၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများသည် ယနေ့တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမှု များကို ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဒေါက်တာ ကံဇော် တို့သည် Russia -ASEAN Business Dialogue သို့ တက်ရောက် ခဲ့သည်။ အဆိုပါ Business Dialogue၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ပြည်နယ်များပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင် အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်း ရှင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက လည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော် ဦးလှမိုး၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပြည်နယ်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင် အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့ အား သီးခြားတွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက့် အကြောင်း အရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ စက်တင်ဘာ ၆

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်ရပ်ကွက်နေ မင်းသုခသည် ၎င်းအသုံးပြုသည့် “Min Thu Kha” Facebook အကောင့်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဝယ်လန်းကျေးရွာနေ ဟိန်းကျော်ဖြိုး(ခ)ကိုဖြိုးသည် ၎င်းအသုံးပြု သည့် “Ko Phyo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

The 7th Eastern Economic Forum-2022 သို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများကို International Space Station (အာကာသ)တွင် ချိတ်ဆွဲဂုဏ်ပြု

နေပြည်တော် စက်တင်ဘာ - ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)ကို  ပါဝင်တက်ရောက် သည့်  နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် အဆိုပါနိုင်ငံအလံများကို International Space Station(အာကာသ)တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြောင်းသိရှိရသည်။

စက်တင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်မည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ  Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ  (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံ တို့၏ အလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ချိတ်ဆွဲဂုဏ်ပြုထားရာတွင် နိုင်ငံ့ အလံများအား ကမ္ဘာကိုနောက်ခံပြုကာ ထင်ရှားစွာတွေ့မြင်နိုင်ရေး ဂုဏ်ပြုချိတ်ဆွဲ ထားကြောင်း သိရှိရသည်။

 

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား

နေပြည်တော် စက်တင်ဘာ - ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသ စံတော်ချိန်နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်း အေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံ ဖြေကြားသည်။

ထို့သို့ တွေ့ဆုံမေးမြန်းရာတွင် အာရှ-ပစိဖိတ်ဒေသ၏လုံခြုံရေးဆိုင်ရာ သဘောထား အမြင်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ တည်ငြိမ် အေးချမ်းရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အစဉ် တစိုက် လေးစားလိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်နှင့် အခြားသိရှိလိုသည်များအား မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြား ခဲ့ကြောင်း နှင့် မေးမြန်းဖြေကြားမှု အပြည့်အစုံအား ဆက်လက်ဖော်ပြသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ - ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူး အတွင်းရေးမှူး Mr. Anton Kobyakov နှင့် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌  တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော် တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူးနှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Eastern Economic Forum-2022 ရှိ Exhibition အတွင်း  ခင်းကျင်းပြသထားမှုများအား လေ့လာကြည့်ရှု၊ Rosatom State Corporations  မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ - ၆

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)၌ စက်တင်ဘာ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာရေးထိုးပွဲများ၊ တွေ့ဆုံမေးမြန်းမှုများကို ဆောင်ရွက်လျက်ရှိကြပြီး ကဏ္ဍပေါင်းစုံအလိုက် ပြခန်းများဖြင့်လည်း ခင်းကျင်းပြသ ထားသည်။

ထိုသို့ Eastern Economic Forum-2022 ရှိ Exhibition အတွင်း  ခင်းကျင်း ပြသထားသည့် ပြခန်းများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့ဝင်များက ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုလေ့လာကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် RZD Russian Railways ကုမ္ပဏီပြခန်းသို့ ရောက်ရှိကြရာ ပြခန်းတာဝန်ခံများက မီးရထားလမ်းကြောင်းနည်းပညာများနှင့် ဝန် ဆောင်မှုပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး သည်။

ယင်းနောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး Rus Hydro Hydroelectric power generation company ပြခန်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ VEB.RF Investment company ပြခန်း၊ Aeroflot Airline ပြခန်း တို့သို့ အသီးသီးရောက်ရှိ လေ့လာခဲ့ရာ ပြခန်းများအလိုက်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များအား FEFU Campus အတွင်း တွေ့ဆုံ၍ နျူကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်း ပညာများကို လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် ငြိမ်းချမ်းစွာအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ် များ(Road Map) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်း အပါအဝင် သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ် ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပို ရေးရှင်း Rosatom State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း ကို ဆက် လက်ဆောင်ရွက်ကြရာ Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရှေ့မှောက် တွင် နားလည်မှု စာချွန်လွှာများကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus တွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် နှင့်အတူ ပါဝင်တက်ရောက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU) အတွင်းရှိ Medical Schoolနှင့် Medical Center တို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ - ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU) အတွင်းရှိ Medical School နှင့် Medical Center တို့သို့ သွားရောက်လေ့လာကြည့်ရှုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ - ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ် လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့သို့ သွားရောက်လေ့လာကြည့်ရှုသည်။