ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခိုတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဉ၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စား တော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိ ကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက် ကုန်ပစ္စည်းများ ကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ စာရေးအခက် အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန် ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။
news
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် တာဝန်ရှိသူများ လိုက်ပါ လျက် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ အခြေခံ ပညာကျောင်းများသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ဆောင်များ၊ ရုံးခန်းများနှင့် ဆရာ/ဆရာမများ နားနေ ဆောင်များ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ ပညာသင်ကြားနိုင်ရေးအတွက် လုပ်ငန်းများ ကျောင်းဖွင့်ချိန်တွင် အချိန်မီ ဆောင်ရွက်ပြီးစီး နိုင်ရေး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ ဝန်းကျင်တစ်ဝိုက်တွင် မေ ၂၄ ရက် နံနက် ၃ နာရီ ၄၅ မိနစ်မှ နံနက် ၄ နာရီ အထိ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း ၃၀ မိုင်ခန့်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ လူနေအိမ် ၂၁ လုံး အမိုးလန်ခြင်း၊ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့ သည်။
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက် ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုးရေ ယာဉ်ပထမအစီးသည် ရေတုန်ကင် ၇၀ လုံး၊ ကျောင်းစိမ်းဝတ်စုံအထုပ်ကြီး ၁၃ ထုပ်၊ ထောက်ပံ့ပစည်းစုံ ၃၆ ထုပ်၊ ရေသန့်ဆေးပြား ၁၉၈ ဖာ၊ ၅၂ ဂါလံ(ဒီဇယ်) ပေပါ ၇၀ လုံး၊ ကယ်ဆယ်ရေး ကော်ပုံးကြီး ၂၄ ပုံး၊ မိုးကာစ ၂၄ ထုပ်၊ မိုးကာတဲငုတ်များ၊ အခြေခံလူသုံးကုန် ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၂၄ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်နှင့် ဘူးသီးတောင် ကမ်းထိုးရပ် များသို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် MV.Sunshine ရေယာဉ်မှ သွား တိုက်တံ ၂၃၀၀ ချောင်း၊ သွားတိုက်ဆေး(၂၅)ဂရမ် ၆,၀၀၀ ဘူး၊ သွားတိုက်ဆေး (၇၅)ဂရမ် ၆,၀၀၀ ဘူး၊ ၂၀ လီတာရေသန့်ဘူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၅,၀၀၀ ချပ်၊ သွပ်သံ ၂၁၆ ဖာ၊ မိုးကာတဲ ၂၀ ခု၊ ဆန် ၁၅၀ အိတ်၊ ဆီ ၂၂၅ ပိဿာ၊ ဆား ၄၅ ပိဿာ၊ ပဲ ၄၅၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၆၀၀ ဖာ၊ ရေသန့် ၆၅၀ ကဒ်၊ အဝတ်အထည် အထုပ်ကြီး ၁၀ ထုပ်နှင့် အိန္ဒိယနိုင်ငံမှထောက်ပံ့သည့် တာပေါ်လင် ၅၂ လိတ် စုစုပေါင်း ကုန်တန်ချိန်(၅၇)တန်တို့အား တင်ဆောင်၍ စစ်တွေမှ ပုဏ္ဏား ကျွန်းကမ်းထိုးရပ်သို့လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် အပစ်မဲ့အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ခံတောကျေးရွာနှင့် ခန္တီးမြို့နယ်၊ လောင်းပကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက အဆိုပါကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းနှင့် ကျေးရွာခန်းမတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင် ရသေ့တောင်တပ်နယ်၊ ကန်စောက်တပ်နယ် နှင့် ကျောက်တော်တပ်နယ်များသို့ သွားရောက်၍ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးခဲ့ရသည့် နေအိမ်အဆောက်အဦများ၊ စာသင်ကျောင်းများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။










