နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန် ထမ်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမည်ဖြစ်သည်။
အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်များရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင်အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ (တစ်ထောင် ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့် ကိစ္စရပ်နှင်စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အမိန့် ကြေညာစာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။