တပ်မတော်တွင် တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်မှုသတင်း
(ပထမနေ့)
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၈
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအား လည်းကောင်း၊ ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အားလည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုအခါ တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။









