လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြု နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက် ရှိပါသည်။
ယင်းစာရင်းများထုတ်ပြန်ရာတွင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်တွင်ရှိသည့် မြန်မာနိုင်ငံ ၏ ခန့်မှန်းလူဦးရေမှာ (၅၆ ဒဿမ ၂) သန်းဖြစ်ပြီး အဆိုပါနေ့ရက်တွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်-
တိုင်းဒေသကြီး/ |
(၁-၁၀-၂၀၂၃) ရက်နေ့ရှိ ခန့်မှန်းလူဦးရေ (သန်းပေါင်း) |
||
ကျား |
မ |
ပေါင်း |
|
ကချင်ပြည်နယ် |
1.0 |
1.0 |
2.0 |
ကယားပြည်နယ် |
0.2 |
0.2 |
0.4 |
ကရင်ပြည်နယ် |
0.8 |
0.8 |
1.6 |
ချင်းပြည်နယ် |
0.2 |
0.3 |
0.5 |
စစ်ကိုင်းတိုင်းဒေသကြီး |
2.7 |
3.0 |
5.7 |
တနင်္သာရီတိုင်းဒေသကြီး |
0.8 |
0.8 |
1.6 |
ပဲခူးတိုင်းဒေသကြီး |
2.3 |
2.7 |
5.0 |
မကွေးတိုင်းဒေသကြီး |
1.8 |
2.1 |
3.9 |
မန္တလေးတိုင်းဒေသကြီး |
3.2 |
3.6 |
6.8 |
မွန်ပြည်နယ် |
0.9 |
1.0 |
1.9 |
ရခိုင်ပြည်နယ် |
1.6 |
1.8 |
3.4 |
ရန်ကုန်တိုင်းဒေသကြီး |
4.2 |
4.8 |
9.0 |
ရှမ်းပြည်နယ် |
3.4 |
3.4 |
6.8 |
ဧရာဝတီတိုင်းဒေသကြီး |
3.0 |
3.2 |
6.2 |
နေပြည်တော်ကောင်စီ |
0.7 |
0.7 |
1.4 |
စုစုပေါင်းခန့်မှန်းလူဦးရေ |
၂၆.၈ |
၂၉.၄ |
၅၆.၂ |