ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ခဲ့သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်များလွယ်လင့်တကူ လှူဒါန်းနိုင်ရန် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ စာရင်းအမှတ်ပြောင်းလဲမှု အသိပေးကြေညာခြင်း
၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ခဲ့သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်များ လွယ်လင့်တကူ လှူဒါန်း နိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသောမြန်မာကျပ် ငွေစာရင်းအမှတ် OA- 011834 ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေ စာရင်းအမှတ် 1DA- 0300086 နှင့် အခြားသော အီလက်ထရောနစ် ငွေပေးချေမှုစနစ်၊ မိုဘိုင်း ငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းနိုင်ကြောင်း QR Code များနှင့်တကွ ကြေညာခဲ့ပြီး ဖြစ်ပါသည်။



























































































































































