စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံပြည်သူများအား ယနေ့နံနက် ၁၀ နာရီခန့် တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရလျှင်ရခြင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များက ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ရာ ၁၁ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခုတ်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သေဆုံးလျက် တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိနေ ကြောင်း တွေ့ရှိရသည်။
သေဆုံးခဲ့ရသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင် ရေးနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေး နိုင်ရေး ကန့်ဘလူမြို့ရှိ နယ်မြေခံဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ် ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။