အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင်ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)၊ စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင်ဆရာကြီး ဦးချစ်စံ (ချစ်စံဝင်း)နှင့် စာပေပညာရှင်ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်- မြန်မာစာ) တို့ရရှိ
နေပြည်တော် နိုဝင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာသန်းဦး (ပြည်စိုးမင်း)၊ စာရေးဆရာမကြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ စာပေပညာရှင် ဆရာကြီး ဦးချစ်စံ(ချစ်စံဝင်း) နှင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်- မြန်မာစာ) တို့အား ၂၀၂၂ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့် လိုက်ကြောင်း ကြေညာသည်။















