တပ်မတော်တွင် တတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
news
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေး အတွက် ရည်ရွယ်၍ အမြန်လူစီးရထား (၁၈)စင်း၊ စာပို့ရထား (၁၄)စင်း၊ လူစီးကုန်တင်ရထား (၈)စင်း၊ RBE လူစီး(၂)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅)စင်း၊ စုစုပေါင်း လူစီး ရထား (၇၇)စင်းနှင့် ကုန်ရထား(၆)စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျှက်ရှိသည်။
အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ စစ်တွေတပ်နယ်ရှိ လေးဝတီပညာရေးရိပ်သာ တွင်နေထိုင်၍ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အခြေခံ ပညာအထက်တန်းကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော တိုင်းစစ် ဌနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါ လေးဝတီပညာရေး ရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီပစ္စည်းများအား လွှဲပြောင်းလက်ခံ
ရန်ကုန် ၊ ဇူလိုင် ၊ ၁၈
ထိုင်းနိုင်ငံရှိ Siam Cement Group (SCG) ကုမ္ပဏီ ၊ ထိုင်းကြက်ခြေနီ အသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့မှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများ ထံသို့ ပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်းကို ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်း၊ ဗိုလ်အောင် ကျော် ဆိပ်ကမ်းတွင် ယနေ့နံနက်ပိုင်းကဆောင်ရွက်သည်။
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၈
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့်(၉၆)နှစ်မြောက် အခမ်း အနားကျင်းပ
နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင် - ၁၈
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၆)နှစ်မြောက် အခမ်း အနားကို ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီး H.E.Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Wang Wei ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
တပ်မတော်တွင် တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်မှုသတင်း
(ပထမနေ့)
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁၈
တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအား လည်းကောင်း၊ ဒုတိယအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အားလည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုအခါ တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။
















































































