TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီးဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများအား ယူဆောင်သွားမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များထုတ်ပြန်
နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၂
လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာ ဝင်များ ယုံကြည်ကိုးကွယ် ပူဇော်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတု တော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဗုံးများ ပစ်ချ တိုက် ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း၊ ဘုရား၊ စေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ခြင်း စသည့် ဗုဒ္ဓဘာသာကိုစော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ ယခုတွင်လည်း TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီ တစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်း ဌာပနာထားသည့် ပစ္စည်းများအား ယူဆောင်သွားသည်။
ထိုသို့ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဗုဒ္ဓ ဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုကို ပစ်မှတ်ထား၍ ဘာသာ၊ သာသနာ အား ညှိုးနွမ်းစေရန် ယုတ်မာ ရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံ ဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်း တော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ် မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တ ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာ နိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာ နိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိ သည် ။