ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ဂွမြို့သို့ ရောက်ရှိ ခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ဂွမြို့ရှိ ရတနသိဒ္ဓိဗိမာန်တော်တွင်အခြေပြု၍ ဂွမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။
news
အကြမ်းဖက် NUG လက်အောက်ခံ Free Online Education Institution Myanmar (FOEIM) Online ပညာရေးစာသင်ကျောင်းတွင် နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူ/လယ်/ထက် ၁ ဦး လျှင် ထိုင်း ဘတ်ငွေ ၁၀၀၀/ ၂၀၀၀/ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသား/သူ နှစ်သောင်းခန့် ကျောင်း အပ်နှံခဲ့ ကြောင်းနှင့် NUG အသိအမှတ်ပြု ကျောင်း ၆၂ ခု ခွင့်ပြုထားသည်ဟု ထုတ်ပြန်ကြေညာထားသော် လည်း ကျောင်း ၃ ခုခန့်သာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထားများ ဖော်ထုတ်တွေ့ရှိရပါသည်။ အဆိုပါ Online စာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများ တွင် ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန်ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းမှ တည် ထောင်ဖွင့်လှစ်ထားသည့် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်ပါသည်။
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Online မှတစ်ဆင့် လိမ်လည်မှုကျူးလွန်ခြင်း၊ လောင်းကစားခြင်းကို ဗန်းပြ၍ ငွေကြေးလိမ်လည်မှုကျူးလွန်ခြင်းများကြောင့် ပြည်သူများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိပါသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးသည်။
Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်းလုပ်ကိုင်နေသူ ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး ဆိုင်ရာ အထောက်အကူပြုမှတ်တမ်းများနှင့် နည်းပညာဆိုင်ရာအချက်အလက်များအား အခြေပြု၍ စောင့်ကြည့်ကာ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေး ပြီး ဆုများပေးအပ်ချီးမြှင့်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ကျောက်ဖြူမြို့ရှိ ရမ္မာဝတီခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အဆိုပါ ရေတပ်စခန်းဌာနချုပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာ စကား ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။