ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့၊ သော်မာချော်ဗာ(Tolmachevo)အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။ လေဆိပ်၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးအား နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။
news
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့သဖြင့် ရဲအရာရှိနှင့် ဇနီးဖြစ်သူတို့ သေဆုံးကာ ၂ နှစ်အရွယ် သားဖြစ်သူကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC )ကို တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ သူရဲကောင်း ဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC သို့တက်ရောက်ခဲ့သည့် အာဆီယံလေတပ် ဦးစီးချုပ်များအား လက်ခံတွေ့ ဆုံသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နေ ဒေသခံပြည်သူများနှင့် ပတ်ဝန်း ကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသ ရေးအဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှ စတင်ထွက်ခွာလာ ရာ အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတွဲဖက်စစ်ရေးချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC ) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တော်မူ သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများ က လာရောက်ဖူးမြော်လေ့လာကြသည်။


























































































