မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှု ကြောင့် နန်းအီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုးသမီး ငယ် ၃ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကချင် ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် လုံခြုံရေး တပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူအသုံးပြုနေသည့် ဆက်သွယ်ရေးလမ်း ကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ပြီး ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများကို အတင်းအဓမ္မ ငွေကြေးတောင်းခံမှုများလုပ်ဆောင်လျက်ရှိရာ မတ်လ ၁၁ ရက် နေ့တွင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ နွမ်လန့်ကျေးရွာအနီးမှ လုံခြုံရေး တပ်စခန်းများကို လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့စဉ်တွင် အနီး ဝန်းကျင်ရှိကျေးရွာများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူ တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ကာကွယ်ပေးရန်နှင် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်လုပ်ကြံရေးသားပြီး သွေးထိုးလှုံဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။