ရန်ကုန်မြို့တွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန်အတွက် တစ်အိမ် တက်ဆင်း စာရင်းကောက်ယူမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် လူငယ်များထွက်ပြေး တိမ်းရှောင်ရန် ပိုမိုကြိုးစားလာကြကြောင်း ကောလာဟလသတင်းအမှားများကို ပြည်သူ များစိုးရိမ်ထိတ်လန့်စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများ၏ ကောလာဟလသတင်းအမှားများနှင့် မဟုတ်မမှန်ဝါဒဖြန့်ဝေမှုများသည် ပြည်သူများအားစိုးရိမ်ထိတ်လန့်စေရန်နှင့် လူငယ်လူရွယ် များ၏ အနာဂတ်ပျက်စီးစေပြီး လမ်းမှားရောက်စေရန် တွန်းပို့နေခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရမှလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ၊ လူငယ် လူရွယ်များ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် မိမိတို့သိရှိလိုသည်များကို https://mod.gov.mm/node/74 တွင် လေ့လာကြည့်ရှုနိုင်ကြောင်း၊ စုံစမ်းမေးမြန်းနိုင်ရန် အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် အဖွဲ့အစည်းများဖွဲ့စည်းပြီး ဖြေကြားဆောင်ရွက်ပေးခြင်း၊ လက်ကမ်းစာစောင်များဖြင့် အသိပညာပေးခြင်းနှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြလျက်ရှိပါသည်။
ယခုဖြစ်စဉ်သည်လည်း လူငယ်များကို လမ်းမှားရောက် စေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက မဲဆွယ်စည်းရုံးနေသည့် ဝါဒဖြန့်ဝေ မှုများသာဖြစ်ပြီး ရန်ကုန်မြို့အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို သက်ဆိုင် ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို လုပ်ကြံရေးသားဖြန့်ဝေခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။