ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စု ဝန်ကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/ ၂၀၂4 ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၏(၂/၂၀၂4)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂4 ခုနှစ်၊ မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကားပြောကြား ခဲ့သည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အတူကော်မတီအဖွဲ့ဝင်များ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ မှ ပြောကြားရာတွင် စက်သုံးဆီကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူများသက်သာတဲ့ဈေးနှုန်းများနှင့်ဝယ်ယူအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းရှင် များမှ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာကော်မတီ များမှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တရားမဝင် စက်သုံးဆီများရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စက်သုံးဆီ (3.810) တန် ခန့်မှန်း တန်ဖိုးကျပ်(၁၂)သန်းနှင့် မကွေးတိုင်းတွင် စက်သုံးဆီ(10.464)တန်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ်(၃5.၉၉၂)သန်း၊ စုစုပေါင်းစက်သုံးဆီ(14.274)တန်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် (47.992) သန်း ဖမ်းဆီးရမိခဲ့ပါကြောင်း။
စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချ နေမှုများအား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ Terminal များနှင့် စက်သုံးဆီ အရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအနေ ဖြင့် စုစုပေါင်း Terminal (8) ခုနှင့် စက်သုံးဆီဆိုင် (၅၉၁) ဆိုင်အား ချိတ်ဆက် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။
ဆီဘောက်ဆာယဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေများကိုလည်း အချိန် နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင် ပြီးစီးမှုအနေနဲ့ Toll Gate ပေါင်း(၅၂)ခုနှင့် CCTV အရေအတွက်(၅၄၂)ခု တပ်ဆင် ပြီးဖြစ်ပါကြောင်း။
အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာ စက်သုံးဆီ အရောင်းဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်းသိရှိ ပြီးလိုအပ်သလောက်အလွယ်တကူဝယ်ယူနိုင်မယ့် Software Application တစ်ခု အားရေးဆွဲပြီးဖြစ်ပါသဖြင့် ဖေဖေါ်ဝါရီလကုန်မှစ၍ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုလျက် ရှိပြီး Software အား လိုအပ်ချက်တချို့ ပြင်ဆင်မွမ်းမံ၍ ယခုမတ်လအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ် မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် (၃၀၀) ကျော် အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။
စားအုန်းဆီဈေးနှုန်းနှင့်ပတ်သက်ပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန် ပေးလျက်ရှိပါကြောင်း။ စားသုံးဆီများကိုနေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်ချက်များကိုစိစစ်၍ စနစ်တကျဖြန့်ခွဲပေးလျက်ရှိပြီး ဈေးကွက်/ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီး/ပြည်နယ်အလိုက်အစိုးရ အဖွဲ့များ၏ လမ်းညွှန်မှုနှင့်သက်ဆိုင်ရာကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်များအထိ စားသုံးဆီဖြန့်ဖြူးရရှိသည့်အရေအတွက် သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ စားသုံးဆီလက်ဝယ်ရရှိခြင်း ရှိ/မရှိ တို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်စေလျက်ရှိပါကြောင်း။
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ (၁,၃၀၁) ခုမှ အမေရိကန်ဒေါ်လာ(၂၈၃.၃၆)သန်း၊ တရုတ်ယွမ်(၃၂၁.၈၀)သန်းနှင့် ထိုင်းဘတ် (၈၇၆.၁၅) သန်းဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကာလတူဖြစ်သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ (၂၁၅) ခုမှ အမေရိကန်ဒေါ်လာ (၄၅.၁၄)သန်း၊ တရုတ်ယွမ် (၁၀၉)သန်းနှင့် ထိုင်းဘတ် (၁၈၇.၆၇)သန်းသာ ဝင်ရောက်ခဲ့သဖြင့် ကာလတူထက်ကုမ္ပဏီ (၁,၀၈၆) ခုမှ အမေရိကန်ဒေါ်လာ (၂၃၈.၂၂) သန်း၊ တရုတ်ယွမ်(၂၁၂.၈၀) သန်းနှင့် ထိုင်းဘတ် (၆၈၈.၄၈) သန်း ပိုမို ဝင်ရောက်ခဲ့တာကို တွေ့ရှိရပါကြောင်း။
ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီများကိုလည်း သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်းမရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပို့ကုန်၊သွင်းကုန် ငွေကြေးဆိုင်ရာမူဝါဒများအား ယခင်ဗဟိုကော်မတီ
အစည်းအဝေး(1/2024)ပါအတိုင်း ဆက်လက်ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် 2023 - 2024 ဘဏ္ဍာရေးနှစ်မကုန်မီ လျာထားချက်ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပြည်ပသို့ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပတ်သက်ပြီး ပို့ကုန် လုပ်ငန်းရှင်များရဲ့ အခက်အခဲများကို သိအောင်လေ့လာပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် ကူညီ ဖြေရှင်းဆောင်ရွက် ပေးသွားရမှာဖြစ်ပါကြောင်း။ ကုန်သွယ်မှုလုပ်ငန်းများမှာ အခက်အခဲဖြစ်နေမှုများနှင့် ကြန့်ကြာနေမှုများကို သိရှိအောင်လေ့လာပြီး ဖြေရှင်းရမဲ့အစီအမံများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြန်ဆုံးတင်ပြ ပေးဖို့လိုအပ်ပါကြောင်း။
ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာမှာ ပြည်သူ လူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်း များနှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့် ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် တက်ရောက်လာကြ သည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း။
ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပါသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါ သည်။