အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
news
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိ စာသင် တိုက်ကြီး၏ ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)ဗဟိုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး၊ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း၏ ဩ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ် ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသီရိ အား ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ဟော်နန်းတော်(သိန်းနီဟော်နန်း)အား ပြန်လည် တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လားရှိုးမြို့နှင့် သိန်းနီမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟော်နန်းပြန်လည် တည်ဆောက်မှု ပူးပေါင်းရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေသာသနာပိုင်၏ နယ်စီးသာသနာပိုင်ကြီး ဒေါက်တာ ဂျိမ်း(စ်)မင်းဒိန်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှ အသင်းအုပ်၊ အသင်းထောက်ဆရာတော်များနှင့် အသင်းဝင်များအား ယနေ့နံနက်ပိုင်း တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများက စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) ကသီဒြယ်ဘုရား ကျောင်း၌ တွေ့ဆုံ၍ ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ညောင်နှစ်ပင် ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။