ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃)တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
news
- မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်သူများမှ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက်အတွင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိပြီး သင်တန်းတက်ရောက်ခွင့် ရရှိသည့် အမည်စာရင်းနှင့် OWIC ပြုလုပ်ခွင့်ရရှိသည့် အမည်စာရင်းများအား Safe Migration Telegram Channel မှတစ်ဆင့် အသိပေး ကြေညာပေးလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာရှိ သံဃာတော်များ၊ နှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲအခမ်းအနားနှင့် နှစ်ကျိပ် ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ ရွှေတိဂုံစေတီတော်ထိန်း ဂေါပကအဖွဲ့၏သြဝါဒါစရိယ ရွှေပြည်သာမြို့နယ်၊ရွှေပြည်သာပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တ နာဂိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။ ဦးစွာရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ စုရပ်ပြုလုပ်၍ နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို စေတီတော်ရင်ပြင်တွင် လက်ယာရစ် လှည့်လည် ပူ ဇော်ကြသည်။ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဆက်လက်ကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရွှေပြည်သာမြို့နယ်၊ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပွဲတော်ကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ အလှည့်ကျသဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် တစ်ဦးက ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလေးမြို့နယ်ရှိ နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှုခြင်း၊ စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ စက်ရုံ များသို့ လေ့လာကြည့်ရှုခြင်းနှင့် မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း
ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၂-၂-၂၀၂၃ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ အင်တိုင်းကြီး ကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားရှိသော နေကြာ စိုက်ခင်းများသို့ သွားရောက်ကြည့်ရှု သည်။ ထို့နောက် တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ တောင်သူများထံ ပိုးသတ်ဆေးဘူးများနှင့် နေကြာမျိုးစေ့များ ပေးအပ်သည်။ ယင်းနောက် ခရိုင် စိုက်ပျိုးရေးဉီးစီးဌာနရှိ တာဝန်ခံတစ်ဉီးက ပိုးသတ်ဆေး စနစ်တကျသုံးစွဲပုံကို တောင်သူများထံ ရှင်းပြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း(တဂေးချောင်းဖျား)မှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင် ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။