ပြည်ပမှစက်သုံးဆီတင်သင်္ဘောများသီလဝါဆိပ်ကမ်းသို့ပုံမှန်ဝင်ရောက်လျက်ရှိပြီး စက်သုံးဆီများပုံမှန်ဖြန့်ဖြူးလျက်ရှိကြောင်းသတင်းရရှိခြင်း

Friday, March 1, 2024 - 16:45

          ပြည်ပမှမှာယူထားသည့်စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့် အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက် သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၉-၂-၂၀၂၄ ရက်နေ့တွင် ဆီတင်ယာဉ်(၁,၁၇၅)စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင် ခဲ့ကြောင်းနှင့် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီ အလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်း သတင်းရရှိ ပါသည်။